0 Shares 52 Views

၁၉၉၁ခုနှစ်ရဲ့ ဒီလိုနေ့မျိုးမှာ Apple ဟာ ကမ္ဘာ့ပထမဆုံး လက်ပ်တော့ကွန်ပျူတာ PowerBook တွေကို မိတ်ဆက်ခဲ့ပါတယ်

၁၉၉၁ခုနှစ်၊ အောက်တိုဘာလ ၂၂ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ လက်စ်ဗီးဂတ်စ်မှာ ပြုလုပ်တဲ့ COMDEX ပွဲမှာ Apple ဟာ သူတို့ရဲ့ ထိုအချိန်က အဓိကကွန်ပျူတာ အမျိုးအစားတွေဖြစ်လာမယ့် PowerBook Notebook ကွန်ပျူတာမျိုးဆက်တွေဖြစ်တဲ့ PowerBook 100, PowerBook 140 နဲ့ PowerBook 170 တို့ကို မိတ်ဆက်ခဲ့ပါတယ်။

ဒါဟာဆိုရင် Apple ရဲ့ ပထမဆုံး အမှန်ကန်ဆုံး Macintosh ကွန်ပျူတာတွေလို့တောင် ပြောလို့ရပြီး PowerBook လိုင်းဟာ လက်ရှိကမ္ဘာပေါ်မှာ အသုံးပြုနေတဲ့ လက်ပ်တော့တွေရဲ့ ဒီဇိုင်းဖြစ်တဲ့ သယ်ဆောင်သွားနိုင်တဲ့ ပူးတွဲကွန်ပျူတာပုံစံတွေရဲ့ အစဦးဆုံး ကွန်ပျူတာတွေအဖြစ်နဲ့ ဒီဇိုင်းကို ဆန်းသစ်ခဲ့ပါတယ်။

apple-powerbook3

ဥပမာဆိုရင် PowerBooks တွေမှာ ယနေ့ခေတ်ပုံစံအတိုင်း ကီးဘုတ်အရှေ့ဘက်မှာ Trackball ကို နေရာပြောင်းရွှေ့ထိန်းချုပ်မှုစနစ် ပါဝင်တဲ့ ပထမဆုံး လက်ပ်တော့အမျိုးအစားတွေဖြစ်ပါတယ်။

Apple အနေနဲ့ PowerBook တွေကို ၁၉၉၁ခုနှစ်ကနေ ၂၀၀၆ခုနှစ်အထိ ထုတ်လုပ်ခဲ့ပြီး သက်တမ်းတစ်လျှောက်မှာ အဓိကပြန်လည်ပြင်ဆင်မှုနဲ့ ဒီဇိုင်းပြုပြင်မှုတွေကို ပြုလုပ်ခဲ့တာကြောင့် လုပ်ဆောင်ချက်များစွာ ပါဝင်လာတဲ့ Standard Laptop တွေအဖြစ်နဲ့ သမိုင်းမှာ ရပ်တည်နိုင်ခဲ့ကြပါတယ်။

apple-powerbook2

Ref: Day In Tech, Wiki

You may be interested

Apple က iPhone X ကို စတင် ထုတ်လုပ်နိုင်ခြင်း မရှိသေးဟု သတင်းထွက်ပေါ်
Mobiles & Tablets, NEWS
346 shares89 views

Apple က iPhone X ကို စတင် ထုတ်လုပ်နိုင်ခြင်း မရှိသေးဟု သတင်းထွက်ပေါ်

Ko Thuya - Sep 22, 2017

မကြာခင်ကပဲ Apple ဟာ ဖုန်း အစိတ်အပိုင်း ရရှိမှု အခက်အခဲများကြောင့် iPhone X ကို သတ်မှတ်ထားတဲ့ နေ့ရက်ထက် နောက်ကျပြီးမှ ရောင်းချနိုင်မယ်ဆိုတဲ့ သတင်းများထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း နောက်ထပ် သတင်းအရင်းအမြစ်တစ်ခုက လူအများစုဟာ ဒီနှစ်ထဲမှာ iPhone X ကို…

ဖုန်းမှ ရောဂါပိုးမွှားများကို သတ်ပေးသလို အားလည်းသွင်းပေးမယ့် PhoneSoap
Gadgets, NEWS
175 shares33 views

ဖုန်းမှ ရောဂါပိုးမွှားများကို သတ်ပေးသလို အားလည်းသွင်းပေးမယ့် PhoneSoap

Ko Thuya - Sep 22, 2017

စမတ်ဖုန်းများမှာ ကပ်ညိနေတဲ့ ရောဂါပိုးမွှားများဟာ အိမ်သာကထက်တောင် ပိုမိုများပြားတယ်ဆိုတဲ့ သုတေသနရလဒ်များစွာ ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီအတွက် စမတ်ဖုန်းများကို အမြဲတမ်း သန့်ရှင်းရေး ပြုလုပ်ပေးသင့်ပါတယ်။ သန့်ရှင်းရေး ပြုလုပ်ဖို့အတွက် ဆပ်ပြာများ၊ ပေါင်ဒါအမှုန့်များကို အသုံးပြုခြင်းဟာ ဖုန်းကို ပျက်ဆီးစေပါတယ်။ အဲဒီအတွက် PhoneSoap အမည်ရ…

CCleaner ကနေတဆင့် ဝင်ရောက်ပြီး ကုမ္ပဏီကြီးများကို တိုက်ဖို့လုပ်ခဲ့တဲ့ Hacker များ
Security & Safety
138 shares47 views

CCleaner ကနေတဆင့် ဝင်ရောက်ပြီး ကုမ္ပဏီကြီးများကို တိုက်ဖို့လုပ်ခဲ့တဲ့ Hacker များ

Zar Ni Nyein Tun - Sep 22, 2017

Cisco က လုံခြုံရေး သုတေသနများက ထုတ်ပြန်လိုက်တဲ့ သတင်းအရ လုံခြုံရေးချိုးဖောက်မှုတစ်ခုဝင်ရောက်လာပြီး သတိပေးချက်တွေမြည်ခဲ့တယ်လို့ဆိုပါတယ်။ပထမတော့ စက်ပစ္စည်းချွတ်ယွင်းမှုကြောင့် ထမြည်တဲ့မြည်သံလို့ထင်ပြီး ဟက်ကာတွေရဲ့ တိုက်ခိုက်မှုကို သတိပေးမှန်းမသိဖြစ်ခဲ့ပါတယ်။Cisco ဟာ စက်ပေါင်း 20ကျော်နဲက လည်ပတ်နေတဲ့ ကုမ္ပဏီတခုဖြစ်ပြီး ကုမ္ပဏီခွဲ 8 ခုရှိတာဖြစ်ပါတယ်။ဒုတိယအကြိမ် သတိပေးချက် အမြည်မှာ…

Most from this category