0 Shares 230 Views

Kodak က ထုတ်လုပ်လိုက်တဲ့ 21MP ကျောကင်မရာပါ စွမ်းဆောင်ရည်မြင့်စမတ်ဖုန်း “Ektra”

Oct 21, 2016
0 230

ကမ္ဘာ့ပထမဆုံးဒီဂျစ်တယ်ကင်မရာကို ၁၉၇၅ ခုနှစ်ကတည်းက ထုတ်လုပ်နိုင်ခဲ့တဲ့ အမေရိကန်အခြေစိုက် Kodak ကုမ္ပဏီက သူလည်း တခြားနည်းပညာကုမ္ပဏီတွေနည်းတူ စမတ်ဖုန်းကောင်းကောင်းတစ်လုံး ထုတ်နိုင်ကြောင်း သက်သေပြလိုက်ပါပြီ။

Kodak က အသစ်မိတ်ဆက်လိုက်တဲ့ “Ektra” အမည်ရ စမတ်ဖုန်းဟာ သာမန်မြင်နေကျစမတ်ဖုန်းတွေနဲ့ မတူဘဲ၊ ခေတ်ဟောင်းဒီဂျစ်တယ်ကင်မရာတစ်လုံးနဲ့ ပိုတူကာ၊ ဓာတ်ပုံဝါသနာရှင်တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။

kodak-ektra-840x460

Kodak Ektra မှာ Corning Gorilla Glass ဖန်သားသုံး အကျယ် ၅ လက်မရှိ 1080p မျက်နှာပြင်ပါရှိပြီး၊ Mediatek Helio X-20 ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။ RAM 3GB နဲ့ ဖုန်းတွင်း storage 32 GB တို့ ပါရှိကာ၊ storage ထပ်ချဲ့ဖို့အတွက် microSD ကတ်အပေါက်လည်း ပါဝင်မှာပါ။

ဖုန်းကျောဘက်ကိုယ်ထည်ကို လယ်သာသားအတု (faux leather) အုပ်ထားပြီး၊ ဘေးဘောင်တွေကတော့ သတ္တုပုံစံပလတ်စတစ်နဲ့ ဖြစ်ပါတယ်။

အထူးခြားဆုံးကတော့ 21-megapixel ကျောကင်မရာဖြစ်ပြီး၊ Sony ရဲ့ IMX230 ပုံရိပ်ဖမ်းဆန်ဆာ ( Xperia Z3+ နည်းတူ) ၊ အပါချာ f/2.0 ၊ 26.5 mm 6p lens တွေကို အသုံးပြုထားတာတွေ့ရပါတယ်။ ဖုန်းအောက်ဘက်မှာလည်း ရှက်တာခလုတ်သက်သက်ထည့်ပေးထားတာတွေ့ရပါတယ်။ ဒီခလုတ်ကို နှစ်ချက်နှိပ်လိုက်တာနဲ့ ကင်မရာကို ဖွင့်နိုင်ပြီး၊ တစ်ဝက်ဖိနှိပ်ပြီး focus ချိန်နိုင်ပါတယ်။

ကင်မရာအသားပေးစမတ်ဖုန်းဖြစ်တာနဲ့အညီ DSLR ကင်မရာအတိုင်း manual စိတ်ကြိုက်ချိန်ရိုက်နိုင်ဖို့အတွက်လည်း manual mode ထည့်သွင်းပေးထားသလို၊ ရိုက်ပြီးသား ဓာတ်ပုံပြင်ဖို့အတွက် Google ရဲ့ Snapseed app လည်း တပါတည်းပါဝင်လာမှာဖြစ်ပါတယ်။

kodak_ektra_678x452

ရှေ့ကင်မရာကတော့ 13MP ဆန်ဆာဖြစ်ပြီး၊ f/2.2 lens နဲ့ဖြစ်ပါတယ်။

Android စနစ်က 6.0 Marshmallow စနစ်နဲ့ဖြစ်ပြီး၊ ဘက်ထရီက 3000mAh ဘက်ထရီနဲ့ USB Type-C အပေါက်တို့ ပါဝင်ပါတယ်။

Kodak Ektra ကို ဗြိတိန်နဲ့ ဥရောပမှာ ယခုနှစ်ဆောင်းရာသီအတွင်း ၄၄၉ ပေါင် (ဒေါ်လာ ၅၅၀ ခန့်) နဲ့  ရောင်းချသွားမှာဖြစ်ကာ၊ ဝယ်လိုအားရှိတယ်ဆိုရင် US အထိ တင်ပို့ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

This slideshow requires JavaScript.

Ref: The Vergem AnandTech

 

You may be interested

Microsoft က လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး Surface Book 2 ကို မိတ်ဆက်
HUBS, Microsoft, Mobiles & Tablets
114 shares19 views

Microsoft က လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး Surface Book 2 ကို မိတ်ဆက်

Ko Thuya - Oct 18, 2017

Microsoft က စွမ်းဆောင်ရည်မြင့် Notebook Computer ကို မိတ်ဆက်လိုက်ပါတယ်။ Surface Book 2 လို့ အမည်ပေးထားပြီး ယခင်မော်ဒယ်ထက် ဒီဇိုင်း၊ Hardware များ၊ ဆက်သွယ်မှုများ၊ ဘက်ထရီ သက်တမ်းတို့ကို အဆင့်မြှင့်ထားပါတယ်။ အရွယ်အစား နှစ်မျိုးထုတ်လုပ်ပေးထားပါတယ်။ Surface…

မျက်နှာပြင် နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ ZTE Axon M ကို မိတ်ဆက်ပြီ
HUBS, Mobiles & Tablets, NEWS
249 shares69 views

မျက်နှာပြင် နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ ZTE Axon M ကို မိတ်ဆက်ပြီ

Ko Thuya - Oct 18, 2017

ZTE က မျက်နှာပြင်နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ Axon M ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ မျက်နှာပြင်ဟာ ကွေးညွှတ်ပျော့ပြောင်းခြင်း မရှိဘဲ မျက်နှာပြင်နှစ်ခုကို ခေါက်ချိုးအသုံးပြုရတာ ဖြစ်တဲ့အတွက် သူ့ကို Flip Phone လို့ ခေါ်ဆိုနိုင်ပါတယ်။ သူ့မှာ ၅.၂ လက်မ…

ကိုယ်ထည်မှ မျက်နှာပြင် အချိုး အများဆုံးအဖြစ် ဦးဆောင်နေတဲ့ V7+
FEATURES, HUBS, Mobile & Tablets
70 shares20 views

ကိုယ်ထည်မှ မျက်နှာပြင် အချိုး အများဆုံးအဖြစ် ဦးဆောင်နေတဲ့ V7+

Ko Thuya - Oct 18, 2017

V7+ lead the screen-to-body ratio Vivo က သူတို့ရဲ့ V7+ ထုတ်ကုန်အတွက် FullViewTM Display လို့ Highlight လုပ်တာကတော့ စိတ်ဝင်စားစရာ အသုံးအနှုန်းပါပဲ။ ဘာကြောင့်လဲဆိုတော့ သုံးစွဲသူတွေက မျက်နှာပြင်နဲ့ ပတ်သက်ရင် ပိုပြီးကျယ်ပြန့်လာဖို့ကို မျှော်လင့်တတ်ကြလို့ပါပဲ။…

Most from this category