0 Shares 60 Views

Cloud လုပ်ငန်းမှာ ဒေါ်လာ ၁၃ဘီလီယံ အမြတ်ထွက်ပြီး မင်းမူလိုက်တဲ့ Microsoft

Microsoft ကုမ္ပဏီရဲ့ ဒီနေ့မှာထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တစ်ရပ်အရ စက်တင်ဘာလကုန်အတွက် သုံးလပတ်အမြတ်ဝင်ငွေဟာ ဒေါ်လာ ၂၀.၅ဘီလီယံအထိရှိခဲ့ပြီး အသားတင်အမြတ်အနေနဲ့ ဒေါ်လာ ၄.၇ဘီလီယံရှိခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ Microsoft အနေနဲ့ ဒီရရှိတဲ့ ဝင်ငွေတွေထဲမှာ အဓိကအနေနဲ့ ရရှိခဲ့တာတွေကတော့ Office နဲ့ Cloud အပိုင်းတွေကနေဖြစ်ကြောင်း Highlight အနေနဲ့ ပြောကြားခဲ့တာပါ။

Office ရဲ့ စီးပွားရေးဆိုင်ရာ အမြတ်ဝင်ငွေဟာ ၅ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီး Office အသုံးပြုသူတွေထံက အမြတ်ဟာ ပြီးခဲ့တဲ့ သတင်းပတ်အကုန်လောက်မှာတင် ၈ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့တာပါ။

အဲ့ဒီအပြင် Microsoft ဟာ အမြတ်ဝင်ငွေတွေထဲမှာ Cloud ဖြစ်တဲ့ Microsoft Azure ရဲ့ အမြတ်ဝင်ငွေ ၁၁၆ရာခိုင်နှုန်းအထိတိုးတက်မှု၊ ဆာဗာအမြတ်ဝင်ငွေ ၁၁ရာခိုင်နှုန်းအထိ တိုးတက်မှုတို့နဲ့အတူ “intelligent cloud” ရဲ့ အမြတ်ဟာ ၈ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်းလည်း ထုတ်ဖော်ခဲ့တာပါ။

microsoft-azure2

အဲ့ဒီအပြင် တခြား Windows ဖက်အခြမ်းမှာဆိုရင် နဂိုပစ္စည်းထုတ်လုပ်မှု (original equipment manufacturer) ရဲ့ အမြတ်ဝင်ငွေဟာ တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာခဲ့တာကိုလည်း တွေ့ခဲ့ရတဲ့အပြင် ဖုန်းတွေရဲ့ အမြတ်ဝင်ငွေဟာလည်း ၇၂ရာခိုင်နှုန်းအထိ အကြီးအကျယ် လျော့ကျသွားခဲ့ပါတယ်။

ဂိမ်းနဲ့သက်ဆိုင်တဲ့ အမြတ်ဝင်ငွေကလည်း ၅ရာခိုင်နှုန်းကျဆင်းသွားပြိး “Xbox ဂိမ်းစက်တွေရဲ့ အမြတ်ကျဆင်းသွားမှုကြောင့်” လို့ Microsoft ကဆိုပါတယ်။ ဒါပေမယ့် Xbox ပစ္စည်းရောင်းချမှုဟာ ပြီးခဲ့တဲ့နှစ်က ၃၉သန်းရောင်းချမှုကနေ လတ်တလောကာလအတွင်းမှာ ၄၇သန်းအထိ တိုးတက်ခဲ့ပါတယ်။

xbox-one1

အမိုက်စား တက်ဘလက်ကွန်ပျူတာဖြစ်တဲ့ Surface ကတော့ Microsoft ရဲ့ ရရှိမှုတွေထဲမှာ ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေပြီး သုံးလပတ်ထဲမှာ ရောင်းအား ဒေါ်လာ ၉၂၆သန်းဖိုး ရှိခဲ့ပါတယ်။ ဒါဟာဆိုရင် ပြီးခဲ့တဲ့နှစ်က ရောင်းချခဲ့ရတဲ့ ရောင်းအား ၆၇၂သန်းကနေ ၃၈ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့တာပါ။

Surface Pro 4 ရော Surface Book နှစ်ခုလုံးဟာ ဒီအမြတ်ဝင်ငွေတိုးတက်ဖို့အတွက် အဓိကတွန်းအားတွေ ဖြစ်ခဲ့ပါတယ်။ Microsoft အနေနဲ့ အသစ်ထုတ်လုပ်မယ့် Surface ကို all-in-one PC ပုံစံမျိုးနဲ့ နောက်အပတ်မှာ ပြုလုပ်မယ့် Event မှာ ထုတ်ဖော်ဖို့ရှိပြီး လက်ရှိ Surface တွေရဲ့ ရောင်းအားကို ဆက်လက် မြှင့်တင်လိုနေပါတယ်။

surface-pro4-3

Microsoft ရဲ့ မယုံကြည်နိုင်ဖွယ် ဝင်ငွေတွေကြောင့် ကုမ္ပဏီရဲ့ စတော့ရှယ်ယာဈေးကို အမြှင့်ဆုံးအနေနဲ့ ရောက်ရှိသွားစေခဲ့ပြီး ဒီနေ့အစောပိုင်းရဲ့ ပေါက်ဈေးဟာ ၁၉၉၉ခုနှစ် ဒီဇင်ဘာနောက်ပိုင်းမှာ ဒေါ်လာ ၆၀ကျော်အထိ ပထမဆုံးအနေနဲ့ မြှင့်တက်သွားခဲ့တာဖြစ်ပါတယ်။

Ref: The Verge, Google News, New York Times

Facebook Comments

You may be interested

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း
FEATURES, Mobile & Tablets, Softwares & Application
123 shares176 views

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း

Ko Thuya - May 25, 2017

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း က ဘာလဲလို့ မေးရင် အဖြေကတော့ အလွန် ရိုးရှင်းပါတယ်။ အဲဒါက စကရင်ကို Lock လုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်း ပိုင်ရှင် အများစုဟာ အခြေခံကျပြီး အစွမ်းထက်တဲ့ လုံခြုံရေးကို…

Vivo V5 ကို ဝေဖန်သုံးသပ်ခြင်း
FEATURES, HUBS, Mobile & Tablets
167 shares248 views

Vivo V5 ကို ဝေဖန်သုံးသပ်ခြင်း

Ko Thuya - May 25, 2017

Vivo V5 ဟာ Selfie အထူးပြု စမတ်ဖုန်း ဖြစ်ပြီး အရှေ့ဘက်မှာ 20MP Camera တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာကလည်း အရည်အသွေး ကောင်းမွန်ပါတယ်။ Chipset က စွမ်းရည်သင့်တင့်ပါတယ်။ HD Display သာ တပ်ဆင်ထားတာက အားနည်းတယ်လို့ ထင်ပါတယ်။…

အူရီဒူးမြန်မာမှ လုံခြုံစိတ်ချရပြီး ပိုမိုမြန်ဆန်သည့် သီးသန့် ကွန်ရက် IP-VPN ဝန်ဆောင်မှု စတင်
HUBS, Local, Local News
87 shares110 views

အူရီဒူးမြန်မာမှ လုံခြုံစိတ်ချရပြီး ပိုမိုမြန်ဆန်သည့် သီးသန့် ကွန်ရက် IP-VPN ဝန်ဆောင်မှု စတင်

Thoe Gyi - May 25, 2017

အူရီဒူးမြန်မာအနေဖြင့် စီးပွားရေးလုပ်ငန်းကြီးများအတွက် မြန်ဆန်သည့် အင်တာနက်ဖြင့် IP-VPN ဝန်ဆောင်မှုကို စတင် ၀န်ဆောင်မှုပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။ IP-VPN သည် ကုမ္ပဏီတစ်ခု (သို့) အဖွဲ့အစည်းတစ်ခုအတွက် ရုံးချုပ်နှင့် မြန်မာနိုင်ငံတစ်ဝှမ်း နယ်မြေဒေသအသီးသီးတွင်ရှိသည့်  ရုံးခွဲများအား အချိန်တိုင်းအစဉ်မပြတ် သီးသန့်ကွန်ရက်ဖြင့် အဆက်အသွယ်ရှိနေစေနိုင်မည့် ၀န်ဆောင်မှုဖြစ်ပြီး ယင်း ဝန်ဆောင်မှုသည် လူအများစုမှတစ်ပြိုင်နက်ချိတ်ဆက်အသုံးပြုနိုင်ခြင်း၊…

Most from this category