macOS Sierra မှာ ပါဝင်လာတဲ့ Siri ကို ကွန်ပြူတာမှာ အသုံးချနိုင်မယ့်နည်းလမ်းများ

macOS Sierra မှာ ပါဝင်လာတဲ့ Siri ကို အကောင်းဆုံးအသုံးချနိုင်မယ့်နည်းလမ်းများ

Apple ရဲ့ နာမည်ကျော် AI ပရိုဂရမ်ဖြစ်တဲ့ Siri ဟာ အခုဆိုရင် macOS Sierra စနစ်အသစ်နဲ့အတူ ကွန်ပြူတာပေါ် စတင်ရောက်ရှိလာပြီဖြစ်ပါတယ်။

ဖုန်းတုန်းကလိုပဲ ကိုယ်လိုချင်သမျှ သတင်းအချက်အလက်၊ရှာဖွေမှုတွေကို Siri ကနေတဆင့် အသံနဲ့ ရှာဖွေနိုင်မှာဖြစ်ပြီး၊ ကွန်ပြူတာသုံးရတာ ပိုမိုလွယ်ကူမှုရှိလာမှာပါ။ Multi-tasking လုပ်ချင်သူတွေအတွက်လည်း တော်တော်အဆင်ပြေမှာဖြစ်ပါတယ်။

ဖုန်းမှာလိုတော့ ခလုတ်တစ်ခုထဲဖိနှိပ်ထားရုံနဲ့ Siri ကို ခေါ်လို့ရမှာမဟုတ်ဘဲ၊ ကွန်ပြူတာမှာ command key ရယ် spacebar ရယ် နှစ်ခု ဖိနှိပ်ပေးရမှာပါ။ အရင် OS X တုန်းက Spotlight ဖွင့်သလိုပါပဲ။ ဒီ shortcut ကီးကို ပြန်ပြောင်းလို့ရတယ်လို့လည်း သိရပါတယ်။ ခလုတ်မနှိပ်ဘဲ အရင်လို “Hey Siri” လို့ပဲ ခေါ်သုံးနိုင်အောင်လည်း လုပ်ထားနိုင်ပါတယ်။

ကွန်ပြူတာမှာ ဟိုဒီရှာခိုင်းမယ်

ဥပမာအားဖြင့် “show me files I worked on last week” လို့ ပြောလိုက်တာနဲ့ ကိုယ်အရင်တစ်ပတ်က လုပ်နေတဲ့ဖိုင်တွေကို တကူးတကပြန်ရှာနေစရာမလိုဘဲ၊ Siri က အလိုလိုရှာပေးသွားမှာပါ။

အရင်တစ်ပတ်က ကိုယ်သုံးဖြစ်တဲ့ဖိုင်တွေက များနေတယ်ဆိုရင်လည်း “just PDFs” လို့ ပြောလိုက်တာနဲ့ PDF တွေကိုပဲ ရွေးရှာပေးသွားမှာပါ။ ကဲ..ဘယ်လောက်မိုက်သလဲ။

ဒုတိယတစ်ချက်အနေနဲ့ Siri ကို သင့်အဝင်အီးမေးလ်တွေကို စစ်ခိုင်းနိုင်မှာဖြစ်ပြီး၊ “Do I have any emails from Boris today?” လို့ မေးလိုက်တာနဲ့ Siri က Boris ဆီက အဝင်မေးလ်ရှိလားဆိုတာကို စစ်ဆေးဖော်ပြပေးမှာဖြစ်ပါတယ်။

တခြားတာဝန်လေးတွေဖြစ်တဲ့ Desktop ဖိုင်တွေကြည့်ချင်တယ်ဆိုရင် “show me my desktop files” စသဖြင့် ခိုင်းစေနိုင်သလို၊ ဖိုင်နာမည်အတိအကျသိရင် “show me files called presentation” စသဖြင့် အတိအကျခိုင်းစေနိုင်ပါတယ်။

Siri on social media

twitter

သင့်ရဲ့ဆိုရှယ်အကောင့်တစ်ခုခုကို macOS Sierra နဲ့ ချိတ်ထားမယ်ဆိုရင်၊ ဆိုရှယ်ကွန်ရက်တစ်ခုခုပေါ်ကို ပို့စ်တင်ဖို့အတွက် စာရိုက်နေစရာမလိုပါဘူး။ Siri ကို အသံနဲ့တင် ကိုယ်တင်ချင်တာကို တင်ခိုင်းနိုင်ပါတယ်။ ဒီအတွက် ( About this Mac > System Preferences > Internet Accounts ) မှာ အရင်ဆုံး ကိုယ့်ဆိုရှယ်အကောင့်ကို ချိတ်ပေးရမှာပါ။

Twiiter မှာ တင်ချင်တယ်ဆိုရင် “tweet (ကိုယ်ပြောချင်တဲ့စကား)” ကို ပြောပြီး tweet လုပ်နိုင်မှာဖြစ်ပါတယ်။ Facebook မှာတင်ချင်တယ်ဆိုရင်လည်း “post to Facebook” လို့ ပြောပြီး နောက်က ကိုယ်ပြောချင်တဲ့စကားကို ပြောလိုက်ရုံပါပဲ။ ဒီ့အပြင် ရေပန်းစားနေတဲ့ hashtag တစ်ခုခုကို ကြည့်ချင်တယ်ဆိုရင်လည်း “what are people saying about hashtag new macOS” လို့ ဆိုလိုက်တာနဲ့ ဒီ hashtag သုံးပြီး တင်ထားတဲ့ tweet တွေ ပို့စ်တွေကို Siri က ဖော်ပြပေးသွားမှာပါ။

ဓာတ်ပုံတွေကြည့်မယ်၊ရှာမယ်

macosphotostnw

macOS Sierra ရဲ့ Siri ကို အသုံးချပြီး ကိုယ့်ရဲ့ ဓာတ်ပုံတွေကို အလွယ်တကူပြန်ကြည့်နိုင်ပါတယ်။

ဥပမာ“Show me the photos I took last night” (သို့) “show me photos from Singapore” လို့ ပြောလိုက်တာနဲ့ ရိုက်ထားတဲ့အချိန်၊ နေရာအလိုက်လည်း ခွဲရှာလို့ရပါတယ်။

အင်တာနက်ပေါ်ကပုံတွေရှာချင်တယ်ဆိုရင်တော့ “search the Web for images of (ကိုယ်ရှာချင်တာ)” ကို ပြောလိုက်ရုံနဲ့ ပုံတွေ ကျလာမှာဖြစ်ပါတယ်။

ကွန်ပြူတာ Settings ပြင်၊ Apps တွေ ဖွင့်မယ်

facetime

Siri ကို သုံးပြီး အသံနဲ့တင် ကွန်ပြူတာ Settings တွေပြင်ခိုင်းလို့ရပါတယ်။

“Change my screen brightness” လို့ ပြောလိုက်တာနဲ့ အလင်းအမှောင်ချိန်လို့ရမှာဖြစ်သလို၊ “mute the volume” လို့ ပြောလိုက်တာနဲ့ အသံတိတ်ပေးသွားမှာဖြစ်ပါတယ်။ ဒီ့အပြင် Siri နဲ့ ကွန်ပြူတာ sleep လုပ်တာ၊ ‘Do Not Disturb’ ဖွင့်တာတွေ လုပ်နိုင်ပါတယ်။ တခြား ကွန်ပြူတာဆော့ဖ်ဝဲတွေကိုလည်း Siri ကို ဖွင့်ခိုင်းနိုင်မှာပါ။

FaceTime ခေါ်၊ မက်ဆေ့ပို့မယ်

macossierraimessagetnw

ဖုန်းတုန်းကလိုပဲ ကွန်ပြူတာမှာလည်း Siri ကို မက်ဆေ့ပို့ခိုင်းလို့ရပါတယ်။ “message (လူနာမည်)” ကိုပြောပြီး အနောက်က ကိုယ်ပြောချင်တဲ့စကားကိုပြောလိုက်ရုံနဲ့ Siri က မက်ဆေ့ပို့ပေးမှာပါ။ “FaceTime” ခေါ်ချင်လည်း အလားတူပါပဲ။

စမယ်နောက်မယ်၊ မေးမယ်မြန်းမယ်

screen-shot-2016-07-06-at-9-03-23-pm-100670326-large-idge

Desktop Siri ကလည်း မိုဘိုင်း Siri နဲ့ သိပ်မကွာပါဘူး။ အခုဘာရုပ်ရှင်ကားတွေ တင်နေသလဲမေးလို့ရသလို၊ မနက်ဖြန်မိုးရွာမှာလားလို့ လည်းမေးနိုင်ပါတယ်။ သူငယ်ချင်းတွေကို မေးရမှာ ရှက်တဲ့ကိစ္စတွေအကုန်လုံး Siri ကို မေးနိုင်သလို၊ အပျင်းပြေလည်း စကားပြောနိုင်ပါတယ်။

သတိမေ့တတ်တဲ့လူတွေအနေနဲ့ တစ်ခုခုလုပ်ဖို့ Reminder သတိပေးခိုင်းတာတွေလည်းလုပ်နိုင်ပါသေးတယ်။ Yes ။ ပေါက်ကရမေးခွန်းတွေလည်း မေးလို့ရဦးမှာပါ။

Ref: The Next Web

 

 

 

 

 

 

 

Comments

comments

Ye Wint
A perfect combination of cosmic dusts.
http://digitaltimes.com.mm/author/yewint/
Top