အိန္ဒိယမှာ Google ရဲ့ အခမဲ့ Wi-Fi ကို ရထားစောင့်ရင်း ညစ်ညမ်းကားကြည့်ဖို့ အသုံးများကြောင်း လေ့လာတွေ့ရှိ

အိန္ဒိယမှာ Google ရဲ့ အခမဲ့ Wi-Fi ကို ရထားစောင့်ရင်း ညစ်ညမ်းကားကြည့်ဖို့ အသုံးများကြောင်း လေ့လာတွေ့ရှိ

အင်တာနက်မရရှိသေးသူဦးရေ အလွန်များပြားဆဲဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ အသိဥာဏ်ပညာတိုးပွားစေဖို့ ရည်ရွယ်ချက်နဲ့ Google နဲ့ Facebook တို့က ကိုယ်ပိုင်အစီအစဉ်တွေနဲ့ အခမဲ့အင်တာနက်လွှင့်ပေးပြီးဖြစ်ပါတယ်။ ဒါပေမယ့် အိန္ဒိယပြည်သူတွေကတော့ ဗဟုသုတအစား ဖျော်ဖြေရေးဘက်ကို ပိုမိုအားသန်နေတဲ့ပုံပါပဲ။

အိန္ဒိယရဲ့ လူသွားလာမှုအများဆုံး Patna ဘူတာရုံမှာ ကောက်ယူခဲ့တဲ့ ဒေတာစစ်တမ်းအရ လူအများစုဟာ ရထားစောင့်ရင်းနဲ့ အခမဲ့အင်တာနက်လိုင်းကို ညစ်ညမ်းဆိုက်ကြည့်ဖို့အတွက်သာ အခွင့်ကောင်းယူအသုံးချနေကြကြောင်း တွေ့ရှိခဲ့ရတာပါ။

ယခုဒေတာတွေကိုတော့ Google နဲ့ ပူးပေါင်းကာ ဘူတာရုံ ၂၃ ခုမှာ အခမဲ့အင်တာနက်လွှင့်ပေးထားတဲ့ အိန္ဒိယဆက်သွယ်ရေးကုမ္ပဏီ RailTel က ကောက်ယူခဲ့တာဖြစ်ပါတယ်။

“ အခမဲ့ Wi-Fi ဝန်ဆောင်မှုပေးထားတဲ့ တခြားဘူတာရုံတွေထက် Patna ဘူတာရုံက အင်တာနက်ရှာဖွေမှုအများဆုံးဖြစ်ပါတယ်။ အထူးသဖြင့် အရှာအများဆုံးက ညစ်ညမ်းဆိုက်တွေပါ” လို့ RailTel မှ တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

RailTel အနေနဲ့ တခြားဘူတာရုံတွေကနေ ကောက်ယူထားတဲ့ ဒေတာတွေရှိပေမယ့် ဘာတွေရှာထားသလဲဆိုတာကိုတော့ ထုတ်မပြောခဲ့ပါဘူး။

ဒီလိုမျိုး အခမဲ့ပေးထားတဲ့ အများသုံး Wi-Fi ကို လူကြားထဲမှာ ညစ်ညမ်းကားကြည့်ဖို့ အသုံးချတာ အိန္ဒိယက ပထမဆုံးတော့မဟုတ်ပါဘူး။ မကြာသေးခင်ကလည်း နယူးယော့ခ်မြို့က Free Wi-Fi မှာ ညစ်ညမ်းကားကြည့်တာများလွန်းလို့ ဝက်ဘ်ရှာဖွေမှုမလုပ်နိုင်အောင်တောင် ပိတ်ပစ်ခဲ့ရပါသေးတယ်။

Ref: The Next Web

 

Comments

comments

Ye Wint
A perfect combination of cosmic dusts.
http://digitaltimes.com.mm/author/yewint/
Top