George Lucas တည်ထောင်ခဲ့တဲ့ THX ကုမ္ပဏီကို Razer ဝယ်ယူ

George Lucas တည်ထောင်ခဲ့တဲ့ THX ကုမ္ပဏီကို Razer ဝယ်ယူ

နာမည်ကျော်ဂိမ်းပစ္စည်းထုတ်လုပ်သူကုမ္ပဏီ Razer ဟာ Star Wars ဇာတ်လမ်းတွေ ဖန်တီးရိုက်ကူးခဲ့သူ George Lucas တည်ထောင်ခဲ့တဲ့ THX ကုမ္ပဏီကို ဝယ်ယူလိုက်ပြီဖြစ်ပါတယ်။

George Lucas စတင်တည်ထောင်ခဲ့တဲ့ THX ကုမ္ပဏီဟာ အသံနည်းပညာပိုင်းဆိုင်ရာမှာ ရှေ့ဆောင်လမ်းပြကုမ္ပဏီတစ်ခုဖြစ်ပြီး၊ ရုပ်ရှင်ရုံတွေ၊ ဗီဒီယိုဂိမ်းနဲ့ ဂိမ်းစက်တွေ၊ ကွန်ပြူတာစပီကာတွေမှာ အကောင်းဆုံးအသံအရည်အသွေးရရှိအောင် ဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

THX ကို ငွေပမာဏဘယ်လောက်နဲ့ ဝယ်ယူခဲ့လဲ့ဆိုတာကိုတော့ မသိရပေမယ့် Razer CEO ဖြစ်သူ Min-Lian Tan ရဲ့ ဖြေကြားချက်အရ THX ကုမ္ပဏီကို Razer အောက် ဆွဲသွင်းမှာမဟုတ်ဘဲ ပုံမှန်အတိုင်း လွတ်လပ်စွာဆက်လက်လည်ပတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

THX ကုမ္ပဏီမှာ အသံနဲ့ ဂရပ်ဖစ်ပိုင်းဆိုင်ရာ ထိပ်သီးအင်ဂျင်နီယာတွေနဲ့ သိပ္ပံပညာရှင်တွေ အပါအဝင် လက်ရှိ စုစုပေါင်း ဝန်ထမ်းအယောက် ၅၀ ရှိပြီး၊ ဝန်ထမ်းဦးရေ ထပ်မံတိုးချဲ့ပြီး လုပ်ငန်းတိုးချဲ့သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

ဂိမ်းဝါသနာရှင်တွေအတွက် အရည်အသွေးမြင့်ဂိမ်းလက်ပ်တော့နဲ့ ဂိမ်းမင်းပစ္စည်းတွေ ထုတ်လုပ်သူ Razer ကုမ္ပဏီနဲ့ အသံနည်းပညာပိုင်းဆိုင်ရာ ရှေ့ဆောင်ကုမ္ပဏီ THX တို့ ပူးပေါင်းလိုက်နိုင်တာက ဂိမ်းဝါသနာရှင်တွေအတွက် စိတ်ဝင်စားစရာပါပဲ။

Ref: Venture Beat, Tech Crunch

 

Comments

comments

Ye Wint
A perfect combination of cosmic dusts.
http://digitaltimes.com.mm/author/yewint/
Top