MPT သုံးစွဲသူများအတွက် အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်ခြင်းဝန်ဆောင်မှုစတင်

MPT သုံးစွဲသူများအတွက် အွန်လိုင်းမှတစ်ဆင့် SIM ကတ်မှတ်ပုံတင်ခြင်းဝန်ဆောင်မှုစတင်

MPT SIM ကတ်များ ကို အောက်တိုဘာလ (၁၈) ရက်နေ့မှစတင်ပြီး MPT ရဲ့Customer Self-Care ဝက်ဆိုက်ဒ်စာမျက်နှာမှာ မိုလ်ဘိုင်းဖုန်းနဲ့ သော်လည်းကောင်း ကွန်ပျုတာနဲ့သော်လည်းကောင်း မှတ်ပုံတင်နိုင်ပြီ ဖြစ်ကြောင်း အောက်တိုဘာ(၁၇) ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မကြာမီရက်များအတွင်းမှာ MPT မှ ပေးပို့မယ့် SMS ကိုလက်ခံရရှိတဲ့ သုံးစွဲသူတွေဟာ SMS ပါ link ကနေတစ်ဆင့် Customer Self-Care (https://care.mpt.com.mm) အွန်လိုင်းစာမျက်နှာမှာ မိုဘိုင်းဖုန်း သို့မဟုတ် ကွန်ပျူတာနဲ့ ပထမဦးစွာ အကောင့် Sign up လုပ်ရမှာဖြစ်ပြီး၊ ထိုမှတဆင့် log in ဝင်ကာ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို ပြုလုပ်နိုင် မှာဖြစ်ပါတယ်။ ဒါ့အပြင် MPT Call Centre ရဲ့ Customer Service ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍လည်း အွန်လိုင်းကနေ တစ်ဆင့် SIM ကတ်မှတ်ပုံတင်နိုင်ဖို့ လိုအပ်တဲ့အချက်များနဲ့ နည်းလမ်းများ ကို မေးမြန်းသိရှိနိုင်မှာလည်း ဖြစ်ပါတယ်။

MPT SIM ကတ်ဖုန်းနံပါတ်နဲ့ Customer Self-Care စာမျက်နှာကို ဝင်ရောက်ပြီးချိန်မှာ အွန်လိုင်းမှတ်ပုံတင်ခြင်းစတင် ပြီဖြစ်ကြောင်း အသိအမှတ်ပြုတဲ့ SMS ကိုပေးပို့သွားမှာဖြစ်ပြီး အွန်လိုင်းကနေမှတ်ပုံတင်ဖို့အတွက် MPT အသုံးပြုသူများ အနေနဲ့ မိမိတို့ရဲ့ နိုင်ငံသားစိစစ်ရေးကဒ် (သို့မဟုတ်) နိုင်ငံခြားသား ဖြစ်ခဲ့ပါက နိုင်ငံကူးလက်မှတ် မိတ္တူ တို့ကို ရှင်းလင်းပြတ်သားစွာ Scan ဖတ်ထားတဲ့ပုံကို အဆင်သင့် ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သုံးစွဲသူများ အနေနဲ့ အွန်လိုင်းစာမျက်နှာမှာ မှတ်ပုံတင်ခြင်း ကိုအဆင့်ဆင့် ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။

“သုံးစွဲသူများအတွက် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကိစ္စကို ကျွန်တော်တို့ဘက်က တတ်နိုင်သမျှ အလွယ်ကူ ချောအမွေ့ဆုံး ဖြစ်စေချင်ပါတယ်။ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း နည်းလမ်းတွေ ပိုမိုလိုအပ်တာကို ကျွန်တော်တို့ နားလည်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် သုံးစွဲသူတွေ ပိုမိုလွယ်ကူသက်သာစေဖို့အတွက် အွန်လိုင်းက တစ်ဆင့်မှတ်ပုံတင်ခြင်း ဝန်ဆောင်မှုကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်” လို့ MPT-KSGM Joint Operation မှ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase ကပြောကြားခဲ့ပါတယ်။

Comments

comments

Top