Honor 6x ဖုန်းအတွက် Pre Order တွေကို စတင်မှာယူခွင့်ပေးလိုက်တဲ့ Huawei

Honor 6x ဖုန်းအတွက် Pre Order တွေကို စတင်မှာယူခွင့်ပေးလိုက်တဲ့ Huawei

Huawei ဟာ Honor 8 ဖုန်းကို အမေရိကန်ပြည်ထောင်စုမှာ စတင်ရောင်းချခဲ့ပြီးနောက် တရုတ်နိုင်ငံမှာ လာမယ့် အောက်တိုဘာလ ၂၅ရက်နေ့က စတင်ပြီး Pre Order အနေနဲ့ စတင်မှာယူနိုင်အောင် ဖွင့်ပေးလိုက်တယ်လို့ သိရပါတယ်။ ဒါပေမယ့် တခြားအာရှ၊ ဥရောပနဲ့ မြောက်အမေရိကဒေသတွေကို ဖြန့်ချိမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ပါဝင်နိုင်ခြေရှိတဲ့ အချက်အလက်တွေကတော့ ယခင် 5X မျိုးဆက်လိုပဲ Snapdragon 616 octo-core Kirin 655 processor ပါဝင်မှာဖြစ်ပြီး ဈေးနှုန်းကတော့ အနိမ့်ဆုံးအနေနဲ့ 3GB RAM နဲ့ 32 GB Storage ကို ဒေါ်လာ ၁၅၀ ရှိမှာဖြစ်ပြီး 4 GB RAM အတွက်ကတော့ ဒေါ်လာ ၁၉၀ရှိမှာပါ။ ဈေးအများဆုံးအမျိုးအစားအနေနဲ့ကတော့ 64 GB ဗားရှင်းဖြစ်ပြီး ဒေါ်လာ ၂၄၀ ရှိမှာပါ။

honor-6x-1-jp

6X ဟာ နောက်ကျောကင်မရာ နှစ်လုံး (12MP နှင့် ဒုတိယကို 2MP Depth) ပါဝင်မယ့် ပုံစံဖြစ်ပြီး ရှေ့မျက်နှာကင်မရာကတော့ 8 MP ရှိမှာပါ။ ယခင်ဖုန်းလိုပဲ dual-SIM ကိုထောက်ပံ့နိုင်မှာ ဖြစ်ပြီး microSD ကဒ်စိုက်လို့ရမှာ ဖြစ်ပါတယ်။ OS ကိုတော့ Android 6.0 Marshmallow ကိုအသုံးပြုထားပြီး Huawei ရဲ့ EMUI 4.1 ကို ထည့်သွင်းထားတာပါ။

6X ဖုန်းဟာ Honor ဖုန်းတွေထဲမှာ အဆင့်မြှင့်ဖုန်းဖြစ်တဲ့ ဒေါ်လာ ၄၀၀တန် Honor 8 လောက်တော့ ကောင်းမွန်မှုမရှိပေမယ့် ဈေးနှုန်းအလယ်အလတ်တန်းနဲ့ အနိမ့်တန်းတွေထဲမှာတော့ ပါဝင်တဲ့လုပ်ဆောင်ချက်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အတော်သင့်လျော်တယ်လို့ ဆိုနိုင်ပါတယ်။

Ref: Engadget

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.
Top