ွှTesla ရဲ့ ကြော်ငြာတွေမှာ Autopilot ဆိုတဲ့ စကားလုံးထည့်သွင်းခြင်းကို ရပ်တန့်ဖို့ ဂျာမနီအစိုးရပြော

ဂျာမန်အစိုးရဟာ အလိုအလျောက်မောင်းနှင်စနစ် မော်တော်ကားတွေ ထုတ်လုပ်တဲ့ အမေရိကန်ရဲ့ Tesla ကုမ္ပဏီကို ကြော်ငြာတွေမှာ “Autopilot” ဆိုတဲ့ စကားလုံးကို ရပ်တန့်ဖို့အတွက် ပြေကြားခဲ့တယ်လို့ သိရပါတယ်။ ဒီစကားလုံးဟာဆိုရင် ယာဉ်မောင်းသူတွေကို မောင်းနှင်နေစဉ်အတွင်းမှာ အာရုံစိုက်စရာမလိုတော့ဘူးဆိုတဲ့ သဘောသက်ရောက်စေတာကြောင့် စိုးရိမ်စရာဖြစ်ကြောင်းပြောကြားခဲ့တာဖြစ်တယ်လို့ Reuters သတင်းတရပ်က ဆိုခဲ့တာပါ။

ဂျာမန်ပို့ဆောင်ရေးဝန်ကြီး Alexander Dobrindt က ကားထုတ်လုပ်သူကို ပြီးခဲ့တဲ့ သောကြာနေ့တုန်းက စာတစ်စောင်ပေးပို့ခဲ့တာဖြစ်ပြီး အသုံးအနှုန်းအရ အဓိပ္ပာယ်ကောက်မှားနိုင်တဲ့ စာလုံးမျိုးတွေကို အသုံးပြုခြင်းကို ရှောင်ကျဉ်ဖို့အတွက် ရေးသားထားခဲ့တာဖြစ်တယ်လို့ ဂျာမန်သတင်းစာ Bild am Sonntag ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အဲ့ဒီအပြင် အမေရိကန်ဖက်ဒရယ်ပို့ဆောင်ရေးအာဏာပိုင်တွေကလည်း လတ်တလောမှာတင် Tesla Drivers တွေဟာ အနာဂါတ်အတွက် အကူအညီပေးတဲ့ အဆင့်မှာသာရှိသေးပြီး မော်တော်ယာဉ်တွေဟာ ယာဉ်မောင်းရဲ့ အကူအညီမပါဝင်ပဲ အပြည့်အဝအလိုအလျောက် အလုပ်လုပ်နိုင်တဲ့ အဆင့်မဟုတ်သေးကြောင်း သတိပေးခဲ့ပါတယ်။

Tesla ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ယာဉ်မောင်းအနေနဲ့ ကားကို အချိန်ပြည့်အာရုံစူးစိုက်နေဖို့ လိုသေးကြောင်း၊ Autopilot ဟာ “သာမန်မောင်းတာထက်စာရင် ပိုမိုလုံခြုံအောင်သာ” ထောက်ပံ့ပေးထားတာဖြစ်ကြောင်း Reuters ကို ပြောကြားခဲ့ပါတယ်။

Ref: The Verge, Reuters

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.
Top