Galaxy Note 7 ဖုန်းတွေကို လေယာဉ်ခရီးစဉ်တွေပေါ် ‘လုံးဝ’ ယူဆောင်ခွင့်မပြုတော့တဲ့ US

အမေရိကန်ပြည်ထောင်စုဟာ ဒီစနေနေ့၊ နေ့လည်ပိုင်းက စတင်ပြီးတော့ Samsung Galaxy Note 7 ဖုန်းအားလုံးကို လေကြောင်းခရီးစဉ်နဲ့ လေယာဉ်တွေပေါ် ယူဆောင်တာကို အရေးပေါ်အမိန့်အနေနဲ့ ထုတ်ပြန်ပြီး အပြီးသတ်တားမြစ်လိုက်ပြီ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက အစိုးရတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

Samsung Electronic ဟာလည်း အဓိကပစ္စည်းဖြစ်တဲ့ Galaxy Note 7 စမတ်ဖုန်းတွေထုတ်လုပ်မှုကို မီးလောင်မှုပြဿနာတွေ ဖြစ်ပွားပြီးတဲ့နောက် ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက အပြီးသတ်ရပ်ဆိုင်းလိုက်ပြီးနောက်မှာ ယခုလိုသတင်းထွက်ပေါ်လာခဲ့ပြန်တာပါ။ ဒီဆုံးဖြတ်ချက်ဟာ လဲလှယ်ပြီးသား Note 7 ဖုန်းတွေတောင်မှ ယခုလိုမီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် တာဝန်ရှိသူတွေက ဖုန်းဖြန့်ချိရေးသမားတွေနဲ့ လေကြောင်းလိုင်းတွေကို သတိပေးပြီးတဲ့နောက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

samsung-galaxy-note-7-12

ဆုံးဖြတ်ချက်ကို အမေရိကန်ပို့ဆောင်ရေးဌာနကနေ အမိန့်ပေးခဲ့တာဖြစ်ပြီး ခရီးသွားတွေရဲ့ အိတ်တွေထဲမှာလည်း ပစ္စည်းတွေပါမပါကို စစ်ဆေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ “ကျွန်တော်တို့အနေနဲ့ ဒီဖုန်းတွေသယ်ဆောင်ခွင့်ကို လေကြောင်းလိုင်းတွေမှာ ပိတ်ပင်လိုက်တာကြောင့် ခရီးသွားတွေကတော့ မကျေမချမ်းဖြစ်ကြမှာပါ။ ဒါပေမယ့် လေကြောင်းခရီးအတွင်းမှာ ဘေးကင်းလုံခြုံဖို့အတွက်က ပထမဦးစားပေးပဲဖြစ်ပါတယ်” လို့ ပို့ဆောင်ရေးဌာနအတွင်းရေးမှူး Anthony Foxx ကဆိုပါတယ်။

ပို့ဆောင်ရေးဌာနအနေနဲ့ ခရီးသည်တွေကိုလည်း အိတ်တွေထဲမှာ ပစ္စည်းတွေကို ယူဆောင်လာခြင်းမပြုဖို့အတွက် သတိပေးထားပါတယ်။ တကယ်လို့ ဖုန်းတွေကို ခရီးစဉ်အတွင်း ယူဆောင်လာခဲ့တာတွေ့ရင် အဆိုပါခရီးသည်နဲ့ ဖုန်းတွေကို ဒဏ်ငွေတပ်ရိုက်မှာ ဖြစ်တယ်လို့ အေဂျင်စီကဆိုပါတယ်။

Ref: Reuters, CNet

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.
Top