နောက်ဆုံးသုံးလရောင်းအားမှာ PS4 ကို အလဲထိုးနိုင်ခဲ့တဲ့ Xbox One

Microsoft ရဲ့ Xbox One ရောင်းအားဟာ အမေရိကန်ပြည်ထောင်စုမှာ ရွေးချယ်စရာတစ်ခု ဖြစ်လာခဲ့တယ်ဆိုတာ ဖော်ပြလာခဲ့ပါတယ်။ Xbox One ဟာ ပြီးခဲ့တဲ့ ဇူလိုင်၊ သြဂုတ်နဲ့ စက်တင်ဘာ၊ သုံးလပတ်အတွင်းမှာ အရောင်းရဆုံးအဖြစ်ရပ်တည်ခဲ့တယ်လို့ NPD Group ရဲ့ ပြောကြားချက်အရ သိရပါတယ်။

Microsoft အနေနဲ့ ဂိမ်းစက်နဲ့ ပတ်သက်ပြီး Update လုပ်ထားခြင်းမရှိသေးပေမယ့် EA ရဲ့ ခန့်မှန်းချက်အရတော့ Microsoft ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက Xbox One အလုံးရေ ၁၉သန်းကျော်ရောင်းချခဲ့ရပြီး ဖြစ်တယ်လို့ သိရပါတယ်။

Nvidia ရဲ့ ခန့်မှန်းချက်အရဆိုရင်တော့ Microsoft ရဲ့ Xbox One ရောင်းအားဟာ လက်ရှိမှာဆိုရင် ၂၉သန်းအထိ ရှိနေပြီဖြစ်ပြီး Sony ကတော့ ၅၂သန်းအထိ ခန့်မှန်းထားပါတယ်။ Sony ရဲ့ ပြီးခဲ့တဲ့မေလတုန်းက ပြောကြားချက်အရ PS4 အလုံးရေ သန်း၄၀ကျော် ရောင်းချခဲ့ရပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

playstation4-pro1

Xbox One ရဲ့ ရောင်းအားတက်လာတာဟာ မကြာသေးမီက ထုတ်လုပ်ခဲ့တဲ့ Xbox One S ဂိမ်းစ်တွေကို ထုတ်ဖော်ပြီးနောက်ပဲ ဖြစ်ပါတယ်။ Microsoft အနေနဲ့ ဂိမ်းစက်တွေကို ဈေးနှုန်းတွေ လျှော့ချပေးလိုက်ပြီး Xbox One ကိုဆိုရင် ဒေါ်လာ ၂၈၀ကနေ ဒေါ်လာ ၂၅၀ အထိ လျှော့လိုက်တာပါ။

Sony အနေနဲ့ PS4 ဂိမ်းစက်သစ် ညီနောင်ဖြစ်တဲ့ PS4 Pro နဲ့ PS4 slim ဂိမ်းစက် Update တွေဟာဆိုရင်လည်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ရက်နေ့တုန်းက ဖြန့်ချိခဲ့ပြီး PlayStation VR Headset ကိုလည်း ဒီအပတ်ထဲမှာပဲ ထုတ်ဖော်ခဲ့တာကြောင့် ပစ္စည်းအမျိုးအစားသစ်နှစ်မျိုးလုံးဟာ Sony ရဲ့ ရောင်းအားကို မြင့်တက်စေလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

Ref: The Verge

 

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.
Top