ပြည်တွင်းဈေးကွက်ထဲက တစ်သိန်းခွဲဝန်းကျင်နဲ့ အကောင်းဆုံးစမတ်ဖုန်း

ပြည်တွင်းဈေးကွက်ထဲက တစ်သိန်းခွဲဝန်းကျင်နဲ့ အကောင်းဆုံးစမတ်ဖုန်း (Editors’ Choice)

သီတင်းကျွတ်ပါပြီ။ သီတင်းကျွတ်အခါသမယမှာ လူကြီးမိဘတွေကို ကန်တော့တဲ့ အနေနဲ့ ဖြစ်ဖြစ် သား၊ သမီး တူ၊ တူမ တွေကို လက်ဆောင်ပေးတဲ့အနေနဲ့ဖြစ်ဖြစ် တစ်သိန်းကျော်တန် Handset ကောင်းကောင်းတစ်လုံး ဝယ်ပေးဖို့စဉ်းစား နေတယ်ဆိုရင်တော့ တစ်သိန်းခွဲဝန်းကျင်နဲ့ Specification တွေလည်းမြင့်မားတဲ့ Huawei Y6 II က အသင့်တော် ဆုံးလို့ပြောရမှာဖြစ်ပါတယ်။

ပြည်တွင်းဈေးကွက်ထဲက Huawei Y6 II ရဲ့ဈေးနှုန်းကတော့ (၁၄၉၀၀၀)ကျပ်ဖြစ်ပြီး Huawei ရဲ့ Branded Shop တွေမှာ ဝယ်မယ်ဆိုရင်တော့ သီတင်းကျွတ် Promotion အနေနဲ့ SD ကဒ် 16GB အပါအဝင် အခြားလက်ဆောင်တွေလည်း ရရှိမှာဖြစ်တယ်လို့သိရပါတယ်။

မျက်နှာပြင် (၅.၅) လက်မ Huawei Y6 II က Dual SIM အသုံးပြုနိုင်ပြီး SIM card (၂) ကဒ် အပြင် SD ကဒ်ပါ ထပ်စိုက်ပြီးအသုံးပြု နိုင်ပါတယ်။

Huawei Y6 II Specification အပြည့်အစုံကိုကြည့်ရန်

Comments

comments

Top