Apple ရဲ့ AirPods နားကြပ်ပြုတ်ကျရင် အဆင်သင့်ဖမ်းထားပေးမယ့် 3D ပရင့်ထုတ် ခြင်းတောင်းနားကပ် - DigitalTimes.com.mm

Apple ရဲ့ AirPods နားကြပ်ပြုတ်ကျရင် အဆင်သင့်ဖမ်းထားပေးမယ့် 3D ပရင့်ထုတ် ခြင်းတောင်းနားကပ်

iPhone 7 မှာ ရိုးရိုးနားကြပ်ပေါက်ဖြုတ်ပစ်ပြီး၊ ကြိုးမဲ့နားကြပ်စနစ်ကို ဦးတည်ချင်နေတဲ့ Apple လုပ်ရပ်ဟာ နည်းပညာတစ်ခေတ်ဆန်းနိုင်တာမှန်ပေမယ့်၊ လောလောဆည်မှာတော့ လှောင်ပြောင်မှုတွေ ရနေဆဲဆိုတာ သတိထားမိကြမှာပါ။

3.5mm နားကြပ်ပေါက်ဖြုတ်တာအပြင် iPhone 7 နဲ့အတူ မိတ်ဆက်ခဲ့တဲ့ တန်ဖိုးကြီး AirPods ကြိုးမဲ့နားကြပ်တွေကလည်း အလွယ်တကူကျပျောက်နိုင်တယ်ဆိုတဲ့ ပူပန်သောကတွေကြောင့် ဝေဖန်သံတွေ ညီခဲ့ရပါတယ်။

အခုအခါ ဒီဝေဖန်မှုတွေကို ဖြေရှင်းပေးမယ့် Air’rings ဆိုတဲ့ နားကပ်တစ်မျိုးထွက်ပေါ်လာပါပြီ။ ဒီနားကပ်လေးတွေကို 3D ပရင်တာနဲ့ ထုတ်ထားတာဖြစ်ပြီး၊ နားကပ်မှာ ခြင်းတောင်းအသေးလေးတွေ တပါတည်းပါဝင်တာကြောင့် ကြိုးမဲ့နားကြပ်တွေ ထွက်ကျမှာ စိုးရိမ်စရာမလိုတော့ပါဘူး။

https-_blueprint-api-production-s3-amazonaws-com_uploads_card_image_245258_img_8302

airrings

3D ပရင့်တာကုမ္ပဏီတစ်ခုဖြစ်တဲ့ M3D ကနေ ဒီဇိုင်းလုပ်ပေးထားတာဖြစ်ပြီး၊ အဆိုပါဒီဇိုင်းကို 3D community ဖြစ်တဲ့ Thingiverse မှာ တင်ပေးထားတာဖြစ်တာကြောင့် မည်သူမဆို ဒေါင်းလုဒ်ယူပြီး၊ 3D ပရင်တာရှိရင် ကိုယ့်ဘာသာထုတ်နိုင်မှာပါ။

ဒီ ခြင်းတောင်းနားကပ်လေးတွေဟာ AirPods လို ကြိုးမဲ့နားကြပ်တွေ ပြုတ်ကျတာကို တကယ်ထိထိရောက်ရောက်ဖမ်းမပေးနိုင်ဘူးဆိုတာ လူတိုင်းသိကြပေမယ့်၊ အပျော်သဘောနဲ့လည်း တပ်ထားလို့ရပါတယ်။ ဒါမှမဟုတ် AirPods ထည့်ထားပြီး လျှောက်သွားပေါ့။

Ref: Cnet

Comments

comments

Ye Wint
A perfect combination of cosmic dusts.
http://digitaltimes.com.mm/author/yewint/
Top