ရက်သတ္တပတ်များစွာ နေရာမှာပဲ ရှိနိုင်အောင် Google ရဲ့အင်တာနက်ဘောလုံးတွေမှာ AI စနစ်အသုံးပြုမည်

Google ဟာ Project Loon လို့ခေါ်တဲ့ အင်တာနက်ဘောလုံးအစီအစဉ်ကို ပထမဦးစွာမိတ်ဆက်ခဲ့ပြီး နောက်မှာ တည်နေရာနဲ့ အနေအထားပေါ်မှာပဲ တည်ရှိနိုင်အောင် အယ်လ်ဂိုရစ်သမ်စနစ်ကို အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ကောင်းကောင်း ဘောလုံးတွေဟာ မြေပြင်အထက် ပေထောင်ပေါင်းများစွာမှာ တည်ရှိနေတာကြောင့် ရာသီဥတုအနေအထားတွေလို အကန့်အသတ်တွေရှိနေခဲ့တာကို Google ကတွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့် ယခုအခါမှာတော့ Google ရဲ့ Project Loon အသင်းက ဘောလုံးတွေရဲ့ အမူအကျင့်နဲ့ နေရာမှာပဲ အချိန်ကြာကြာရပ်တည်, တည်ရှိနေနိုင်ဖို့အတွက် Artificial Intelligence (သိဥာဏ်တု) စွမ်းရည်နည်းပညာကို အသုံးပြုခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် ဘောလုံးတစ်လုံးကို Peruvian Stratosphere အလွှာကို လွှင့်တင်ပြီး စမ်းသပ်ခဲ့ရာမှာ ဘောလုံးဟာ နေရာမှာ ၉၈ရက်ကြာ ရပ်တည်ခဲ့ကြောင်း တွေ့ရှိခဲ့ကြရတာပါ။

google-project-loon2

ဖြစ်ရပ်တစ်ခုမှာဆိုရင် ဘောလုံးတွေကို ပစိဖိတ်သမုဒ္ဒရာပေါ်မှာ ယာယီလွှင့်တင်ထားခဲ့ရာမှာ လေတိုက်တဲ့ ဒဏ်တွေခံခဲ့ရပေမယ့် ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီလို AI အခြေစိုက် အဆင့်မြှင့်တင်မှုကြောင့် ဘောလုံးတွေကို နေရာမှာသာ ရပ်တည်ဖို့ စွမ်းဆောင်နိုင်ရုံမက၊ Google ကို စရိတ်နည်းနည်းနဲ့ ပိုမိုကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိနိုင်အောင်လည်း ကူညီပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ Google ရဲ့ Project Loon အစီအစဉ်ဟာ အင်တာနက်မရရှိတဲ့ နေရာတွေကို ရရှိဖို့အတွက် ကူညီလုပ်ဆောင်ပေးတဲ့ အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။

Ref: Engadget

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.
Top