ပြိုင်ကားကုမ္ပဏီ McLaren ကိုဝယ်ယူဖို့ ကြိုးပမ်းနေတဲ့ Apple

Apple ဟာ နာမည်ကျော် ဗြိတိသျှပြိုင်ကား လုပ်ငန်းတစ်ခုဖြစ်တဲ့ McLaren ကို ဝယ်ယူဖို့အတွက် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ Financial Times ရဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ဖော်ပြခဲ့တဲ့ သတင်းတစ်ရပ်အရ Apple အနေနဲ့ McLaren Technology Group ရဲ့ ရှယ်ယာတွေကို ဝယ်ယူဖို့အတွက် သဘောတူညီမှုရရှိအောင် ကြိုးပမ်းနေခဲ့တာပါ။

McLaren ဟာ Formula One ပြိုင်ကားပြိုင်ပွဲမှာ အဓိက ပြိုင်ပွဲဝင် အသင်းတစ်ခုလည်း ဖြစ်ပါတယ်။ McLaren ရဲ့ တန်ကြေးဟာ ဒေါ်လာ ၁.၂၉ဘီလီယံကနေ ဒေါ်လာ ၁.၉၄ဘီလီယံကြား ရှိနိုင်တယ်လို့ Financial Times ကခန့်မှန်းထားပါတယ်။

mclaren-car2

ဒီလိုဝယ်ယူဖို့ကြိုးပမ်းတာဟာ Apple ရဲ့ လက်ရှိပြုလုပ်နေတဲ့ “Project Titan” လို့ခေါ်တဲ့ မောင်းသူမဲ့ကားစီမံကိန်းကို ထောက်ကူပေးနိုင်ဖို့အတွက်လည်း ဖြစ်နိုင်ပြီး ဒီစီမံကိန်းကို Apple ဟာ လတ်တလောလပိုင်းမှာတင် ဝန်ထမ်းတွေနဲ့စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

McLaren ကထုတ်လုပ်တဲ့ ဇိမ်ခံကားတွေဟာ တန်ကြေးအနေနဲ့ ဒေါ်လာ တစ်သန်းခန့်ရှိပြီး Apple ရဲ့ ခြေလှမ်းတွေကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

mclaren-car3

Ref: Techno Buffalo, Financial Times

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.
Top