4K အရည်အသွေးရိုက်ကူးနိုင်မယ့် ကင်မရာတစ်မျိုးကို Xiaomi ထုတ်ဖော်

Xiaomi ဟာ စမတ်ဖုန်းတွေသာမက၊ စမတ်ဟုမ်း (Smart Home) ပစ္စည်းတွေပါ ထုတ်လုပ်တဲ့နေရာမှာ နာမည်ကျော်နေပါတယ်။ ဒါပေမယ့် သူတို့ဟာ Electronic ပစ္စည်းတွေအားလုံးကို ထုတ်လုပ်နိုင်အောင် နယ်ပယ်မကျယ်ပြန့်သေးပါဘူး။ ယခုတစ်ခါတော့ သူတို့ရဲ့ နောက်ဆုံးထွက် Gadget အနေနဲ့ 4K အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကိုတောင် ရိုက်ကူးနိုင်မယ့် ကင်မရာတစ်မျိုးကို ထုတ်ဖော်ပြသလိုက်ပါတယ်။ နာမည်ကိုတော့ “M1” လို့ပေးထားပြီး 30fps မှာ 4K ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ကင်မရာရဲ့ အလေးချိန်ကတော့ ၂၈၀ဂရမ်သာ ရှိတာကြောင့် ပေါ့ပေါ့ပါးပါးကိုင်ဆောင်နိုင်မှာပါ။ ကင်မရာအနေနဲ့ 20MP ရှိတဲ့ Sony ရဲ့ IMX269 ဆင်ဆာကို အသုံးပြုထားတာပါ။ ဖိုင်တွေကို Wi-Fi စနစ်၊ Bluetooth စနစ်ဆိုပြီး စနစ်နှစ်မျိုးနဲ့ လွှဲပြောင်းနိုင်အောင် ထောက်ပံ့ပေးထားပြီး အသုံးပြုသူတွေအနေနဲ့ 42.5mm နဲ့ F1.8 ဒါမှမဟုတ် F3.5-5.6 ဆိုပြီး Lenses တွေကို ရွေးချယ်ဝယ်ယူနိုင်မှာပါ။

xiaomi-m1-camera1

ဒီကင်မရာကို Xiaomi ပိုင်ဆိုင်တဲ့ XiaoYi ကထုတ်လုပ်တာဖြစ်ပြီး XiaoYi ဟာ M1 ကင်မရာကို ဆန်းသစ်ထားတာဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ Highlight လုပ်လို့ရနိုင်တာကတော့ ခလုတ်က လေးခုပဲပါဝင်ပြီး Touch Screen တစ်မျိုးပါဝင်တာပါ။

ဘော်ဒီနဲ့ 12-40 mm lens ကိုဒေါ်လာ ၃၃၀ (ကျပ် ၄၁၀,၀၀၀ ခန့်) လို့ဈေးနှုန်းသတ်မှတ်ထားပြီး 42.5mm Lens အတွက်ကိုတော့ ဒေါ်လာ ၄၅၀(၅၆၀,၀၀၀ခန့်) ရှိမှာဖြစ်ပါတယ်။ M1 ကို လာမယ့် စက်တင်ဘာလ ၂၃ရက်နေ့မှာ ထုတ်လုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

xiaomi-m1-camera3

Ref: Techno Buffalo

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.
Top