Action ကင်မရာ အမျိုးအစားသစ် နှစ်မျိုးကို Sony မိတ်ဆက်

Sony ဟာ Action ကင်မရာအမျိုးအစားသစ် နှစ်မျိုးဖြစ်တဲ့ FDR-X3000R နဲ့ HDR-AS300R တို့ကို မိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနှစ်ခုကြား အဓိက ကွာခြားချက်ကတော့ FDR-X3000R ဟာ 4K UHD အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပြီး နောက်တစ်ခုကတော့ Full HD အရည်အသွေးကို ရိုက်ကူးနိုင်တာပဲ ဖြစ်ပါတယ်။

ကင်မရာအသစ်တွေအနေနဲ့ အဓိကလုပ်ဆောင်ချက်တွေကတော့ ပုံရိပ်တည်ငြိမ်စွမ်းအားကို Sony က Balanced Optical SteadyShot ဒါမှမဟုတ် B.O.SS လို့ခေါ်တဲ့ လုပ်ဆောင်ချက်နဲ့ ထိမ်းငြိထားတာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကြောင့် ရိုက်နေစဉ်အတွင်း ရုပ်ထွက်တဲ့အခါမှာ ပုံရိပ်တွေဟာ ဝေဝါးခြင်းမရှိပဲ ပိုမိုချောမွေ့ကောင်းမွန်တဲ့ ဗီဒီယိုတွေကို ရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

sony-new-camera1

ကင်မရာတွေမှာ Exmor R CMOS ဆင်ဆာနဲ့ BIONZ X ပုံရိပ် Processor တို့ ပါဝင်ပြီး 4K မှာ 100Mbps ဒါမှမဟုတ် 1080p မှာ 50 Mbp ရှိတဲ့ ရုပ်ထွက်ကို ရရှိစေမှာ ဖြစ်ပါတယ်။ 4K မော်ဒယ်ဟာ 120fps ရှိတဲ့ ဗီဒီယိုတွေကို 1080p ရှိတဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပြီး Full HD မော်ဒယ်ကတော့ 720p ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။

ကင်မရာအမျိုးအစားနှစ်မျိုးစလုံးဟာ အကြမ်းပတမ်းခံနိုင်ပြီး ရေစိမ်ခံနိုင်တဲ့အရည်အသွေးကလည်း ရေအနက် ၆၀ မီတာအထိ ယူဆောင်သွားနိုင်တယ်လို့ သိရပါတယ်။ သင့်အနေနဲ့ ဒီကင်မရာမှာ နောက်ထပ်ထူးခြားကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခုကို တွေ့ရမှာကတော့ Live-View Remote ထိန်းချုပ်ရေးစနစ်ပဲ ဖြစ်ပါတယ်။

sony-new-camera2

ဒါဟာဆိုရင် ကင်မရာရိုက်ကူးနေစဉ်မှာ Screen ကနေ ပြသပေးမှာ ဖြစ်ပြီး တခြား Tripod ဒါမှမဟုတ် ကင်မရာ Case နဲ့လည်း တွဲဖက်အသုံး ပြုနိုင်မှာပါ။ Sony အနေနဲ့ FDR-X3000 အတွက် ဈေးနှုန်း ဒေါ်လာ ၄၀၀နဲ့ FDR-X3000R အမျိုးအစားကို တွဲဖက်ရီမုတ်တွေအတွက် ဒေါ်လာ ၅၅၀ဈေးနှုန်း ကျသင့်မှာ ဖြစ်ပါတယ်။ အဲ့ဒီအပြင် HDR-AS 300 အတွက် ဒေါ်လာ ၃၀၀နဲ့ HDR-AS300R ကို ရီမုတ်နဲ့ တွဲဖက်ပြီး ဒေါ်လာ ၄၅၀နဲ့ ရောင်းချသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

sony-new-camera4

ဒီစက်တင်ဘာလနှောင်းပိုင်းမှာ မြောက်အမေရိကမှာ စတင်ရရှိတော့မှာ ဖြစ်ပြီး တခြားဒေသတွေအတွက် ဖြန့်ချိမယ့်အချိန်နဲ့ ဈေးနှုန်းအသေးစိတ်ကိုတော့ သိရှိရခြင်း မရှိသေးပါဘူး။ ဖုန်းလုပ်ဆောင်ချက် အသေးစိတ်ကို အောက်ပါဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

Ref: GSM Arena

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.
Top