ပိုမိုပါးလွှာတဲ့ PlayStation 4 ကိုလာမယ့် စက်တင်ဘာလ ၁၅ရက်နေ့မှာစတင်ရောင်းချမည်

ပြီးခဲ့တဲ့ သြဂုတ်လ ၇ရက်နေ့က Sony ဟာ PlayStation 4 ဂိမ်းစက်အသစ်တွေကို နယူးယော့ခ်မြို့မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ Sony ဟာ အဲ့ဒီပွဲမှာ အဓိကအမျိုးအစားအနေနဲ့ 4K ရုပ်ထွက်ရှိမယ့် PlayStation 4 Pro ကို အဓိကထုတ်ဖော်ပြသခဲ့ပါတယ်။ ဒါပေမယ့် Sony အနေနဲ့ PlayStation 4 ကို ပိုမိုပါးလွှာတဲ့ဒီဇိုင်းနဲ့မြင်ရမှာ ဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၂၉၉ရှိမယ့် PlayStation 4 Slim ကိုလာမယ့် စက်တင်ဘာလ ၁၅ရက်နေ့မှာ ထုတ်လုပ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဂိမ်းကွန်ဆိုးအသစ်အနေနဲ့ လုပ်ဆောင်ချက်တွေဟာ နဂို Original PS4 နဲ့ ထပ်တူနီးပါးတူညီပြီး ဒီဇိုင်းအနေနဲ့ကတော့ ပိုမိုသေးငယ်သွားတာ ဖြစ်ပါတယ်။ Slim PS4 ဟာ ဂိမ်းစက်အပြင် ယခင်ကထွက်ထားတဲ့ DualShock 4 ကွန်ထရိုလာကို အနည်းငယ်ဆန်းသစ်ထားတဲ့ ဗားရှင်းနဲ့ ကွန်ထရိုလာအသစ်လဲ ပါဝင်လာပြီး ဒီဇိုင်းပြန်လည်ပြုပြင်ထားတဲ့ Light Bar ကိုလည်း အရှေ့ဘက်မှာ မြင်တွေ့ရမှာပါ။

ပိုမိုသေးငယ်ပါးလွှာတဲ့ PS4 အနေနဲ့ နာမည်အတိအကျပေးဖို့ကိုတော့ Sony ကလက်ရှိအချိန်အထိ အတည်မပြုသေးပါဘူး။ ဒီလိုဒီဇိုင်းတွေပြုပြင် အဆင့်မြှင့်ထားတဲ့ PS4 ဂိမ်းစက်အသစ်တွေဟာ နဂို PS4 ဂိမ်းစက် ထွက်ရှိပြီး ၃နှစ်အကြာမှာ ထွက်ရှိခဲ့တာဖြစ်သလို လတ်တလောမှာလည်း ပြိုင်ဘက် Microsoft ဟာ Xbox One S ဂိမ်းစက်အသစ်ကို ထုတ်လုပ်ထားပါသေးတယ်။

Ref: The Verge

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.
Top