လာမယ့် ၂၀၂၄ခုနှစ်အမှီ လျှပ်စစ်ကားအမျိုးအစား ခြောက်မျိုးထုတ်လုပ်မည်ဟု မာစီဒီးဆို

ဂျာမန်ကားကုမ္ပဏီ Daimler ဟာ အမေရိကန်ရဲ့ Tesla နဲ့ Volkswagen ရဲ့ Audi တို့ကိုစိန်ခေါ်တဲ့ အစီအစဉ်တစ်ရပ်ကို ထုတ်ဖော်လိုက်ပြီဖြစ်ပါတယ်။ အဲ့ဒါကတော့ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ အနည်းဆုံး အမျိုးအစား ၆မျိုးကနေ အများဆုံး ၉မျိုးအထိ ရှိနိုင်တဲ့ လျှပ်စစ်ကားတွေကို ထုတ်လုပ်မယ့် အစီအစဉ်ပဲဖြစ်ပါတယ်။

မာစီဒီးကားရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Daimler ဟာ လျှပ်စစ်ကားသစ်တွေကို လာမယ့်လမှာ ပဲရစ်မှာပြုလုပ်မယ့် မော်တော်ရှိုးမှာ ထုတ်ဖော်ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လတုန်းက ဂျာမန်ကားကုမ္ပဏီအနေနဲ့ မြန်နှုန်းမြှင့်ဇိမ်ခံလျှပ်စစ်ကားကို ပြုလပ်မှာဖြစ်တယ်လို့ ပြောကြားခဲ့တာကြောင့် အမေရိကန်အခြေစိုက် Tesla ကိုတိုက်ရိုက်စိန်ခေါ်မှုတစ်ခုလည်း ဖြစ်သွားခဲ့ပါတယ်။

ဂျာမန်မဂ္ဂဇင်း Automobilwoche ရဲ့ ဖော်ပြမှုအရ လာမယ့် ၂၀၁၈ကနေ ၂၀၂၄ ခုနှစ်အတွင်းမှာ Daimler ဟာ လျှပ်စစ်ကားအမျိုးအစားခြောက်မျိုးကို ဈေးကွက်ထဲကို ယူဆောင်လာမှာဖြစ်တယ်လို့ ကုမ္ပဏီရင်းမြစ်တွေက ဆိုခဲ့ကြတာပါ။

ရိုက်တာရဲ့ သတင်းတွေအရ မာစီးဒီးအနေနဲ့ ပါဝါဆဲလ်တွေကို အခြေခံပြီး Plug-in Hybrid အင်ဂျင်နဲ့ SUV ကားမော်ဒယ်တစ်မျိုးကိုလည်း ပြုလုပ်နေပြီး ဒါဟာဆိုရင် မြန်နှုန်းကို ၅၀ကီလို (၃၀မိုင်) အထိမြှင့်တင်နိုင်ပြီး ဘက်ထရီပါဝါနဲ့ လျှပ်စစ်ကို ဟိုက်ဒရိုဂျင်ကနေ ထုတ်လုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း မာစီဒီးဟာ ကမ္ဘာ့ပထမဆုံး လျှပ်စစ်ကုန်တင်ကား Urban E Truck ကိုမိတ်ဆက်ခဲ့ ပါသေးတယ်။

Ref: Reuters

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.
Top