စက်ရုပ်နည်းပညာမှာ ရင်းနှီးမြုတ်နှံမှု ပြုလုပ်မယ့် LG 

တောင်ကိုရီးယား အီလက်ထရောနစ်ကုမ္ပဏီ LG Electronic Inc ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စက်ရုပ်နည်းပညာမှာ ရင်းနှီးမြုတ်နှံမှု စတင်ပြုလုပ်တော့မှာ ဖြစ်တယ်လို့သိရပါတယ်။ AI နည်းပညာကို အဆင့်မြှင့်တင်ဖို့အတွက် အာရုံစိုက်ရှာဖွေနေပြီး ဒါဟာဆိုရင် လူတွေရဲ့ နိစ္စဓူဝလုပ်ငန်းစဉ်တွေကို စက်တွေနဲ့ ဦးဆောင်အစားထိုးဖို့ ရည်ရွယ်နေတာဖြစ်ပါတယ်။

LG ရဲ့ ဖော်ပြချက်မှာ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်နဲ့ လေအေးပေးစက်တွေလို အိမ်သုံးပစ္စည်းပိုင်းဆိုင်ရာ ထုတ်လုပ်တဲ့ လုပ်ငန်းတွေနဲ့ နီးစပ်တဲ့နေရာတွေမှာ စက်ရုပ်တွေကို ထည့်သွင်းပြီး ပစ္စည်းတွေထုတ်လုပ်ဖို့ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့အနေနဲ့ အနာဂါတ်အတွက် စမတ်အိမ်နဲ့ပတ်သက်တဲ့ ရင်းနှီးမြုတ်နှံမှုတွေကို စတင်ပြုလုပ်တော့မှာပါ။ စက်ရုပ်တွေဟာ အိမ်သုံးပစ္စည်းထုတ်လုပ်တဲ့နေရမှာ အဓိကအခန်းကဏ္ဍက ပါဝင်လာတော့မှာ ဖြစ်ပါတယ်” လို့ LG ရဲ့ အိမ်သုံးပစ္စည်းဆိုင်ရာ ထုတ်လုပ်ရေး အကြီးအကဲ Jo Seung-jin ကဖော်ပြချက်မှာ ဆိုခဲ့ပါတယ်။

lg-logo1
ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းက ဘာစီလိုနာမြို့တွင်ပြုလုပ်ခဲ့သည့် MWC 2016 ပွဲတွင် LG Logo ရှေ့မှဖြတ်လျှောက်သွားသည့် လူများကိုတွေ့ရစဉ်

AI နည်းပညာတွေနဲ့ ကြိုးမဲ့ဆက်သွယ်ရေးဆိုင်ရာ နည်းပညာတွေ အဆင့်မြှင့်လာတာဟာ စက်တွေကို အင်တာနက်ကနေတစ်ဆင့် ပိုမိုစေခိုင်းလာနိုင်ပြီး ပိုမိုရှုပ်ထွေးတဲ့ တာဝန်တွေကို လုပ်ဆောင်လာနိုင်စေခဲ့ပါတယ်။ တစ်ကမ္ဘာလုံးမှာရှိနေတဲ့ နိုင်ငံတွေဟာ စက်ရုပ်ပိုင်းဆိုင်ရာ လုပ်ငန်းတွေမှာ ထုထည်ကြီးမားစွာ ရင်းနှီးမြုတ်နှံလာကြပြီး ဒါဟာဆိုရင် စက်မှုပိုင်းဆိုရာအပြောင်းအလဲအသစ်တစ်ရပ် ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဒီလိုဖြစ်ပေါ်လာတာကြောင့် စက်ရုပ်တွေဟာ လူသားတစ်ဦးလိုချက်ပြုတ်လာနိုင်တာတွေ လူသားတစ်ဦးလို အလုပ်လုပ်နိုင်တာတွေ ဖြစ်ပေါ်လာပြီး လူတွေရဲ့ လူမှုရေး၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေမှာ အခက်အခဲတွေ ရှိလာခဲ့တာပါ။

LG အနေနဲ့ စက်ရုပ်နဲ့ ထုတ်ကုန်ထုတ်လုပ်မယ့်အပိုင်းမှာ အရင်းအနှီးပမာဏ ဘယ်လောက်စိုက်ထုတ်သုံးစွဲမယ်ဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် အတည်ပြုနိုင်တဲ့ သတင်းတွေအရ LG အနေနဲ့ အလိုအလျောက်ကားမောင်းတဲ့ စနစ်လိုလုပ်ဆောင်ချက်တွေ၊ AI နည်းပညာတွေအတွက်ပါ ရင်းနှီးပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref: Reuters

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.
Top