Yangon ICT Fair September 2016 ကျင်းပလျက်ရှိ - DigitalTimes.com.mm

Yangon ICT Fair September 2016 ကျင်းပလျက်ရှိ

မြန်မာကွန်ပျူတာပညာရှင်များအသင်း (MCPA) နှင့် မြန်မာကွန်ပျူတာလုပ်ငန်းရှင်များအသင်း (MCIA) တို့ ပူးပေါင်းစီစဉ်တဲ့ Yangon ICT Fair (Computer & Mobile) September 2016 ကို စက်တင်ဘာလ (၂)ရက်နေ့မှာ စတင်ကျင်းပလျက်ရှိပြီး စက်တင်ဘာလ (၄) ရက်နေ့ထိ နံနက် (၉)နာရီမှ ညနေ(၅)နာရီထိ ကျင်းပသွားမှာ ဖြစ်တယ် လို့ သိရပါတယ်။
2

ပြပွဲအတွင်း ပြခန်းပေါင်း (၁၅၆) ခန်းဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံအတွင်းရှိ Computer,Mobile နဲ့ ဆက်စပ် ပစ္စည်းမျိုးစုံ တင်သွင်းရောင်းချဖြန့်ချိလျက်ရှိတဲ့ Company အများစု ကနေ ပြသရောင်းချလျက်ရှိပါတယ်။  ထို့အပြင် ရုံးသုံး၊ ကျောင်းသုံး ၊ လုပ်ငန်းသုံး ဆော့ဖ်ဝဲ များ ရောင်းချတဲ့ Company များ ၊ ပညာရေး ဝန်ဆောင်မှု Company များ ၊ IT solution Company များနဲ့ အခြားနည်းပညာပစ္စည်း တွေ တင်သွင်းရောင်းချနေတဲ့ ကုမ္ပဏီတွေကနေ လာရောက်ကြည့်ရှုလေ့လာသူများအား စနစ်တကျ ရှင်းလင်းပြောကြားရင်း ရောင်းချလျက် ရှိတယ် လို့ သိရပါတယ်။ အဲဒီအပြင်မှာ ပါဝင်ပြသ ရောင်းချတဲ့ Company တွေကနေ ပြပွဲအတွင်း လာရောက် ကြည့်ရှုလေ့လာ ဝယ်သူတွေအတွက် အထူးအစီအစဉ်များအဖြစ် ချိုသာတဲ့ ဈေးနှုန်းများနဲ့ ရောင်းချပေးလျက်ရှိပြီး Discount များ ၊ Lucky Draw များလည်း စီစဉ်ပြုလုပ်ထားတယ် လို့ သိရပါတယ်။
3

Computer , Mobile နှင့် ဆက်စပ်ပစ္စည်းများ ၊ IT နည်းပညာအသစ်အဆန်းများ ၊ Software များ နှင့် နောက်ဆုံးပေါ် Electronic ပစ္စည်းများ ..စတာတွေကို တစ်နေရာတည်း မှာ လေ့လာနိုင် ဖို့ ရည်ရွယ်ကျင်းပတဲ့ Yangon ICT Fair ကို နှစ်စဉ် (၃) ကြိမ်ခန့် ကျင်းပလေ့ရှိပြီး နည်းပညာစိတ်ဝင်စားသူများ ၊ လာရောက်ကြည့်ရှုဝယ်ယူသူများ ၊ မီဒီယာအများအပြား နဲ့ စည်ကားလျက်ရှိကြောင်း သိရပါတယ်။
4
#digitaltimesmm

Comments

comments

Top