သူ့အိမ်မှာ စေခိုင်းနေတဲ့ AI ကို လာမယ့်လမှာ Zuckerberg ထုတ်ဖော်ဖွယ်ရှိနေ

Facebook ပိုင်ရှင်ဖြစ်သူ Mark Zuckerberg ဟာ အိမ်အလုပ်တွေကို လုပ်ကိုင်နိုင်ဖို့အတွက် Artificial Intelligence (သိဥာဏ်တု) တစ်ခုကို တည်ဆောက်နေတယ်ဆိုတာ အားလုံးလဲသိကြမယ်ထင်ပါတယ်။ ယခုထပ်မံထွက်ပေါ်လာတဲ့ သတင်းအရတော့ ဒါဟာ တကယ်လုပ်ပြီးခဲ့ပြီ ထင်ရပြီး ယခုအခါမှာသူ့အနေနဲ့ ဒါကို လူထုကို ချပြဖို့အတွက် နီးစပ်လာနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော့်အနေနဲ့ လိုချင်တဲ့ အမှတ်တစ်ခုကို ရောက်ရှိနေပါပြီ။ ဒီအမှတ်မှာ ကျွန်တော့်အနေနဲ့ (AI ကိုရည်ညွှန်း) လျှပ်စစ်မီးတွေကို ထိန်းချုပ်နိုင်ရမယ်၊ တံခါးတွေကိုထိန်းချုပ်နိုင်ရမယ်၊ အခန်းအပူချိန်ကို ထိန်းချုပ်နိုင်ရမယ်ဆိုပြီး ရည်မှန်းထားပါတယ်။ အခုသူကအဲ့ဒီအမှတ်ကို ရောက်ရှိနေပါပြီ” လို့ ဒီအပတ်အတွင်းက ရောမမြို့မှာပြုလုပ်တဲ့ Facebook ရဲ့ အမေးအဖြေ ကဏ္ဍမှာဆိုခဲ့တာပါ။

အဲ့ဒီအပြင် ဇက်ကာဘတ်က သူ့အနေနဲ့ ဒီပရောဂျက်ဟာ လာမယ့်လရဲ့ တစ်ချိန်ချိန်မှာ ရရှိဖို့အတွက် မျှော်လင့်ထားပြီး AI ရဲ့ အောင်မြင်မှုအတွက် အလုပ်ထဲက သူ့ရဲ့အင်ဂျင်နီယာအသင်းကို ဂုဏ်ပြုကြောင်း ပြောခဲ့ပါတယ်။

“ဒါဟာ အံ့အားသင့်ဖွယ်ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ Facebook ရဲ့ အင်ဂျင်နီယာတွေအနေနဲ့ အံ့အားသင့်ဖွယ်ကောင်းတဲ့ AI စနစ်တစ်ခုကို ဖန်တီးခဲ့လို့ပါပဲ” လို့ဆိုခဲ့ပါတယ်။ အဲ့ဒီအပြင် သူ့အိမ်မှာရှိတဲ့ AI ဟာ သူ့အသံနဲ့ပဲ ထိန်းချုပ်လို့ ရတာကြောင့် သူ့မိန်းမက စိတ်ပျက်နေတယ်လို့ အရွှန်းဖောက်ခဲ့ပါတယ်။

Iron Man ရဲ့ JARVIS လိုမျိုး “AI Butler” ကိုတီထွင်နိုင်ခဲ့ပြီဖြစ်ကြောင်း ဇူကာဘတ်ပြောကြား

Ref: The Verge

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.
Top