iOS 10 မှာ Siri ရဲ့အသံက လူသားတစ်ယောက်နဲ့ ပိုမိုဆင်တူလာ

iOS 10 ကိုလာမယ့်လမှာ မိတ်ဆက်တော့မှာ ဖြစ်တဲ့အတွက် ထွက်ရှိလာတဲ့အခါကျရင် သင့်အနေနဲ့ သတိထားမယ့်အထဲမှာ Siri ရဲ့ အသံလဲ ပါဝင်ပါတယ်။ သတင်းတွေအရ Siri ရဲ့အသံဟာ စက်ရုပ်အသံထက် လူသားတစ်ဦးရဲ့ အသံပုံစံ ပိုပေါက်လာမှာ ဖြစ်တယ်လို့ Siri ကိုထုတ်လုပ်တဲ့ Developer ဖြစ်တဲ့ Tom Gruber ကပြောကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Apple ရဲ့ Virtual Personal Assistant ဟာ မှတ်တမ်းတင်ထားတဲ့ ဒေတာအချက်အလက်တွေ အပေါ်အခြေခံပြီး စကားတစ်လုံးချင်းစီကို ဝါကျအဖြစ်နဲ့ ပြောင်းလဲပေးတာပါ။ Siri ရဲ့ အသံနေအသံထားနဲ့ ပုံစံတွေဟာ iPhone နဲ့ iPad တွေရဲ့ အမှတ်အသားတစ်ခု ဖြစ်လာခဲ့တာဖြစ်ပြီး TV ရှိုးတွေနဲ့ ကြော်ငြာတွေမှာ အသုံးပြုလာကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ခုနှစ်က သတင်းတွေကို ပြန်ကြည့်မယ်ဆိုရင် Susan Bennett ဆိုတဲ့ အမျိုးသမီးဟာ Siri ရဲ့ အသံရှင်ဖြစ်ကြောင်း သိရှိခဲ့ကြရပါတယ်။ iOS ရဲ့ Update ဗားရှင်းကို လာမယ့် စက်တင်ဘာလ ၃၀ရက်နေ့မှာ တရားဝင်ထွက်ရှိမှာ ဖြစ်တယ်လို့ CEO ဖြစ်သူ Tim Cook က ပြောကြားခဲ့ပါတယ်။

Ref: Phone Arena

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.
Top