A4 စာရွက်နဲ့ သစ်သားချောင်းတွေကိုတောင် ဖြတ်တောက်ပြခဲ့တဲ့ YouTube ဗီဒီယို

တကယ့်ကို မယုံနိုင်စရာပါပဲ ကျွန်တော်တို့ နေ့စဉ်နေ့တိုင်း အသုံးပြုနေတဲ့ စာရွက်ကလေးတွေကို သာမန်စာရေးရုံ စာဖတ်ရုံ၊ မှတ်သားရုံလောက်ပဲ အသုံးပြုနေကြတယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါဘူး။ ဒီထက်ပိုပြီး အသုံးပြုရင် စက္ကူခေါက်တာလောက်ပဲ ရှိတာပါ။ ဒါပေမယ့် I Build It website ရဲ့ John Heisz ကတော့ YouTube Channel မှာ စက္ကူကို ရိုးရိုးရှင်းရှင်းပဲ တီထွင်လိုက်တဲ့ နှစ်မိနစ်စာဗီဒီယိုတစ်ခု တင်ခဲ့ပါတယ်။

သူ့အနေနဲ့ ဗီဒီယိုမှာ ကျွန်တော်တို့အသုံးပြုတဲ့ သာမန် A4 ဆိုက် ပရင်တာစက္ကူတစ်ရွက်ကို အလယ်ကနေ အပေါက်ဖောက်ပြီး စက်ဝိုင်းပုံစံဖြတ်တောက်လိုက်ပါတယ်။ ဖြတ်တောက်ထားတဲ့ စက်ဝိုင်းပုံစံ စက္ကူကို ဓားသွားလွှစက်ရဲ့ ဓားသွားနေရာမှာ အစားထိုးတပ်ဆင်ခဲ့ပြီး ပစ္စည်းတွေကို ဖြတ်တောက်ပြခဲ့ပါတယ်။ အရင်ဆုံးစက္ကူတစ်ရွက်ကို ဖြတ်ရာမှာ အခက်အခဲမရှိပြတ်တောက်ခဲ့ပါတယ်။

အဲ့ဒီနောက် ကတ်ထူစက္ကူကို ဖြတ်ပြရာမှာလည်း အလွယ်တကူ ပြတ်တောက်သွားခဲ့ပြီး မယုံနိုင်စရာကောင်းအောင် သစ်သားချောင်းတစ်ချောင်းကိုပါ ထပ်မံ ဖြတ်တောက်ပြခဲ့ပါတယ်။ အဲ့ဒီနောက် အနည်ငယ်ထူတဲ့ သစ်သားချောင်းကို ဖြတ်ရာမှာတော့ တစ်ဝက်လောက်အရောက်မှာ စက္ကူလွှဟာ စုတ်ပြဲသွားခဲ့တာကို တွေ့ရှိခဲ့ရတာပါ။

ဒါကြောင့် စက္ကူတစ်ရွက်နဲ့ သစ်သားချောင်းတစ်ချောင်းကို ဖြတ်တောက်နိုင်လောက်တဲ့ အထိ အစွမ်းထက်တယ်ဆိုတာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ “ကျွန်တော့်အနေနဲ့ ဒီလိုပြုလုပ်ဖို့အတွက် တခြားဘာအစိတ်အပိုင်းမှ ထပ်မံတပ်ဆင်ထားခြင်း မရှိပါဘူး။ ဒါဟာစိတ်ဝင်စားဖို့ ကောင်းတာပဲ ဖြစ်ပါတယ်။ ထပ်ပြောရရင် ကျွန်တော့်အနေနဲ့ စက္ကူကို စတင်အသုံးပြုတုန်းကရင်း သာမန်ထက် ဘာမှထူးထူးခြားခြား ဖြစ်အောင် အသုံးမပြုနိုင်ခဲ့ပါဘူး။ သာမန်ပရင်တာစာရွက်အဖြစ်ပဲ အသုံးပြုခဲ့တာပါ။ ယခုပြုလုပ်ချက်ကတော့ စာရွက်တွေရဲ့ အံ့အားသင့်ဖွယ်အလုပ်လုပ်နိုင်စွမ်းကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်” လို့ သူ့ဝက်ဘ်ဆိုက်မှာ ရေးသားထားခဲ့ပါတယ်။

a4-cuttings

သူ့အနေနဲ့ ဒီဗီဒီယိုဖိုင်ကို YouTube မှာ ၂၁ရက် နေ့ကတင်ခဲ့ရာမှာ လက်ရှိအချိန်အထိ ကြည့်ရှုသူ ၄သန်းနီးပါးရှိနေခဲ့တာဖြစ်ပါတယ်။ ၂၂ရက်နေ့မှာတော့ ပထမနေ့ကဖြစ်ပွားခဲ့တဲ့ အမှားကို ပြင်ဆင်ပြီး ထပ်မံပြုလုပ်ခဲ့တဲ့ ဗီဒီယိုကို တင်ခဲ့ပါတယ်။ ဒီဗီဒီယိုမှာတော့ စက္ကူဟာ သစ်သားသာမက၊ ဖော့၊ ပလက်စတစ်တွေတောင် ဖြတ်တောက်နိုင်ခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

Ref: CNet

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.
Top