အလုပ်သမားပေါင်း ၅၅၀၀ ကိုအလုပ်ဖြုတ်တော့မယ့် Cisco

ကမ္ဘာ့အကြီးမားဆုံး အင်တာနက်နဲ့ Network ပိုင်းဆိုင်ရာ ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီကြီး Cisco Systems Inc ဟာ အလုပ်သမားအင်အားရဲ့ ၇ရာခိုင်နှုန်းဖြစ်တဲ့ နေရာပေါင်း ၅၅၀၀ ကို ဖြုတ်ချတော့မှာ ဖြစ်တယ်လို့ Wall Street Journal နဲ့ Reuters တို့ရဲ့ ခိုင်လုံတဲ့ သတင်းတွေအရ သိရပါတယ်။

ဒီလိုဝန်ထမ်းအရေအတွက် လျှော့ချမယ့် သတင်းဟာ ကုမ္ပဏီကနေ လာခဲ့တာဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ ဝန်ထမ်းအားလုံးပေါင်း ၇၃၀၀၀ထဲက လျှော့ချမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဝန်ထမ်းဦးရေလျှော့ချရတာဟာ ကုမ္ပဏီရဲ့ အမြတ်ဝင်ငွေတွေ လျော့ကျသွားခဲ့လို့ ဖြစ်တယ်လို့ သိရပါတယ်။ ဇူလိုင် ၃၀ရက်နေ့ရဲ့ သုံးလပတ်အမြတ်ဝင်ငွေဟာ ဒေါ်လာ ၁၂.၈၄ဘီလျံကနေ ၁၂.၆၄ဘီလျံအထိ ကျဆင်းသွားခဲ့တာပါ။

ကုမ္ပဏီရဲ့ သုံးလပတ် အမြတ်ဝင်ငွေဟာ ၆ရာခိုင်နှုန်းအထိ ကျဆင်းသွားတာဖြစ်ပြီး Unit Revenue ကတော့ ၂ရာခိုင်နှုန်းအထိ တက်လာခဲ့တာပါ။ Service Providers တွေဆီက အော်ဒါတွေဟာလည်း ၅ရာခိုင်နှုန်းထိကျဆင်းသွားခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်မှာတော့ အမြတ်ဟာ ၆ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တယ်လို့ Cisco ကဆိုပါတယ်။

ဒါကြောင့် ဒီလိုကျဆင်းသွားတဲ့ ရာခိုင်နှုန်းပေါ်မူတည်ပြီး အလုပ်သမားရာခိုင်နှုန်းကို လျှော့ချတာဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။

Ref: Reuters, The Guardian, WSJ

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.
Top