Lenovo ရဲ့ ပထမသုံးလပတ်အမြတ်ဝင်ငွေ ၆၄ရာခိုင်နှုန်းထိ ခုန်တက်သွား

တရုတ်ရဲ့ ကမ္ဘာ့အကြီးဆုံး PC ကွန်ပျူတာထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ Lenovo Group ရဲ့ ပထမသုံးလပတ် အသားတင် အမြတ်ဝင်ငွေဟာ ၆၄ရာခိုင်နှုန်းထိခုန်တက်သွားခဲ့တယ်လို့ အင်္ဂါနေ့က ဆိုခဲ့ပါတယ်။ ဒါဟာဆိုရင် PC ကွန်ပျူတာတွေရဲ့ ခိုင်မာတဲ့ ရောင်းအားကြောင့် ဖြစ်ပြီး အားသိပ်မရှိတဲ့ စမတ်ဖုန်းတွေရဲ့ ရောင်းရနှုန်းကို ထေမိရုံမက ခန့်မှန်းထားတာထက်တောင် ကျော်လွန်ခဲ့တာပါ။

ဘေဂျင်းအခြေစိုက် Lenovo ရဲ့ဇွန်လအကုန် သုံးလပတ် အသားတင်အမြတ်ဟာ ဒေါ်လာ ၁၇၃သန်းအထိ တိုးတက်လာပြီး ပြီးခဲ့တဲ့နှစ်က ဒီကာလမှာ ရရှိခဲ့တဲ့ ဒေါ်လာ ၁၀၅သန်းနဲ့ နှိုင်းယှဉ်ကြည့်နိုင်တာပါ။ ဒါဟာဆိုရင် ခန့်မှန်းထားတဲ့ ဒေါ်လာ သန်း ၁၃၀ကို ကျော်လွန်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပထမ သုံးလပတ်အမြတ်မှာ ၆ရာခိုင်နှုန်းလျော့ကျသွားပြီး ဒေါ်လာ ၁၀.၀၅ဘီလျံရှိခဲ့ပေမယ့် ဈေးကွက်လေ့လာသူတွေ ခန့်မှန်းထားခဲ့တဲ့ ဒေါ်လာ ၉.၆၃ဘီလျံကိုတော့ ကျော်လွန်နိုင်ခဲ့တာ ဖြစ်ပါတယ်။

“PC ဈေးကွက်ဟာ ထင်ထားခဲ့တာထက် ပါးပါးလေးပိုကောင်းခဲ့ပြီး ပြီးခဲ့တဲ့ ဈေးကွက်ထက်တော့ အတော်ခိုင်ခိုင်မာမာ တိုးတက်တဲ့အခြေအနေမှာ ရှိနေခဲ့ပါတယ်” လို့ ကုမ္ပဏီရဲ့ ဥက္ကဌနဲ့ CEO ဖြစ်သူ Yang Yuanqing က စတော့အိတ်ချိန်းရဲ့ ဖော်ပြချက်မှာ ရေးသားထားခဲ့ပါတယ်။

lenovo-logo1

Lenovo ဟာ PC ရောင်းချရတဲ့ ဈေးကွက်မှာ သုံးလပတ်အတွင်း တဖြည်းဖြည်း တောင့်တင်းခိုင်မာလာခဲ့တာပါ။ PC ရဲ့ Shipment နဲ့တင်ပို့မှုဟာ ၂ရာခိုင်နှုန်းကျဆင်းခဲ့ပြီး Border လိုင်းကနေသွင်းတဲ့ ၄ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

ဒါပေမယ့် Lenovo ရဲ့ စမတ်ဖုန်းအပိုင်းကတော့ အားရစရာသိပ်မရှိပဲ တစ်ကမ္ဘာလုံးဈေးကွက်ရဲ့ ၄.၅ရာခိုင်နှုန်းသာရရှိထားတာပါ။ စမတ်ဖုန်းတွေရဲ့ ရောင်းချရမှုထိပ်ပိုင်းမှာတော့ Samsung Electronics က ၂၄ရာခိုင်နှုန်းနဲ့ Apple Inc က ၁၅ရာခိုင်နှုန်းရယူပြီး ထိပ်ဆုံးမှာ ရပ်တည်လျက် ရှိပါတယ်။

Ref: Reuters

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.
Top