Nikon ရဲ့ D3400 DSLR ကင်မရာ ထွက်ရှိလာ

Nikon ရဲ့ အဓိကထုတ်ကုန်အမျိုးအစားဖြစ်တဲ့ D5 ကင်မရာကို လူတိုင်းကိုင်နိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အဆိုပါကင်မရာအမျိုးအစားဟာ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတွေအတွက် အကောင်းဆုံးဖြစ်အော်င လုပ်ထားလို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျပန်ကုမ္ပဏီအနေနဲ့ ယခုအခါမှာတော့ နည်းနည်း အဆင့်နိမ့်တဲ့ DSLR အမျိုးအစားသစ် D3400 ကို ထုတ်လုပ်လိုက်ပါတယ်။

ဒီ Entry-level shooter လုပ်ဆောင်ချက်နဲ့ ကင်မရာဟာ 24.2-megapixel ရှိတဲ့ CMOS ဆင်ဆာနဲ့ Expeed 4 processor ပါဝင်ပါတယ်။ ဒါဟာဆိုရင် auto white balance လုပ်တာကို အဆင့်မြှင့်တင်ထားပြီး အလင်းနည်းပါးတဲ့အခြေအနေမှာတောင် ပိုမိုကောင်းမွန်တဲ့ ပုံရိပ်တွေရရှိနိုင်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။

D3400 ကင်မရာမှာ ISO အဆင့် 100-25,600, 11-point autofocus စနစ်၊ 5-fps ဆက်တိုက်ရိုက်ချက်စနစ်နဲ့ 1080p ဗီဒီယိုတွေကို 60fps အထိတိုးမြှင့်နိုင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာတာဖြစ်ပါတယ်။ ဒါဟာ DSLR ကင်မရာအတွက် ပါဝင်တဲ့ လုပ်ဆောင်ချက်တွေဖြစ်ပြီး 4K Record လုပ်တဲ့ စနစ်မပါဝင်တာတော့ တချို့လူတွေအတွက် ပြောစရာဖြစ်ခဲ့ပါတယ်။

Nikkon-D3400-DSLR7

အဲ့ဒီအပြင် Nikon ရဲ့ D3400 မှာ SnapBridge ချိတ်ဆက်မှုစနစ်လည်း ပါဝင်လာပြီး ဒါဟာဆိုရင် သင့်အနေနဲ့ ဓာတ်ပုံတွေကို စမတ်ဖုန်း ဒါမှမဟုတ် တက်ဘလက်ထဲကို အဝေးကနေ ထည့်သွင်းနိုင်မှာပါ။ WiFi စနစ်မပါဝင်ပေမယ့် ဒေတာတွေကို Bluetooth ကနေတစ်ဆင့် ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် Highlight လုပ်နိုင်မယ့် လုပ်ဆောင်ချက်ကတော့ D3400 မှာ AFP DX Nikkor လို့ခေါ်တဲ့ မြုတ်ထားတဲ့ မှန်ဘီလူးတွေပါဝင်တာပါ။ Nikkon ရဲ့ ပြောကြားချက်အရ ဒီအထဲမှာ အလွန်ဆိတ်ငြိမ်တဲ့ မော်တာတစ်လုံးပါဝင်ပြီး ဒါဟာဆိုရင် အခြေခံကျတဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

D3400 ကို AF-P DX Nikkor 18-55mm, f/3.0-5.6 G VR lens တို့ပါဝင်တဲ့ အမျိုးအစားကို ဒေါ်လာ ၆၅၀သတ်မှတ်ထားပါတယ်။ AF-P DX Nikkor 70-300mm f4.5/6.3 G ED တို့ပါဝင်တဲ့ အမျိုးအစားကိုတော့ ဒေါ်လာ ၁၀၀၀ သတ်မှတ်ထားပါတယ်။ အဲ့ဒီအပြင် Nikon အနေနဲ့ တုန်ခါမှုလျှော့ချပေးတဲ့ 70-300mm lens ကို ဒေါ်လာ ၄၀၀နဲ့ သပ်သပ်ရောင်းချပေးပါတယ်။

This slideshow requires JavaScript.

Ref: Engadget

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.
Top