၁၀.၅လက်မအရွယ် iPad Pro ကို ၂၀၁၇ခုနှစ်တွင် ထုတ်လုပ်ရန် Apple စီစဉ်နေ

Apple ကုမ္ပဏီဟာ တတိယမြောက် iPad Pro အမျိုးအစားသစ်တစ်မျိုးကို ၂၀၁၇ခုနှစ်မှာ ထုတ်လုပ်ဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။ ဒီအမျိုးအစားသစ်ကို အရွယ်အစားပြန်လည် ချိန်ညှိဖို့ရှိနေပြီး မျက်နှာပြင်ကို ၁၀.၅လက်မရှိတဲ့ပုံစံသစ်တစ်မျိုးအပြင် “တန်ဖိုးနည်း” ၉.၇လက်မအရွယ် iPad ကိုထုတ်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းကို Apple ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Ming-Chi Kuo ကဆိုခဲ့တာဖြစ်ပြီး MacRuomours ကပြန်လည် ဖော်ပြခဲ့တာပါ။ Kuo က “အပြောင်းအလဲ” တစ်ရပ်အဖြစ် ပြောင်းလဲမယ့် iPad ဒီဇိုင်းဟာ လာမယ့် ၂၀၁၈ခုနှစ်မှာ ဖြစ်လာမှာ ဖြစ်ပြီး Apple အနေနဲ့ iPad တွေရဲ့ မျက်နှာပြင်ကို AMOLED မျက်နှာပြင်ကို အသုံးပြုပြီး ထုတ်လုပ်ဖွယ်ရှိနေတာပါ။

၁၀.၅လက်မ iPad Pro မော်ဒယ်ကို “စီးပွားရေးနဲ့ ပညာရေးဈေးကွက်” အတွက် ရည်ရွယ်ပြီး ရောင်းချမှာ ဖြစ်တယ်လို့ သိရပါတယ်။ Kuo ထုတ်ပြန်ခဲ့တဲ့ သတင်းထဲမှာ မျက်နှာပြင် ၇.၉လက်မအရွယ် iPad Mini အတွက်တော့ တစ်စုံတစ်ရာဖော်ပြထားခြင်းမရှိပါဘူး။

Ref: The Verge

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.
Top