ပန်းရောင် Galaxy S7 Edge ဖုန်းကို အမေရိကန်ပြည်ထောင်စုတွင် ထုတ်လုပ်

Samsung ဟာ ပန်းရောင်နဲ့ ရွှေရောင်စပ်ထားတဲ့ Samsung Galaxy S7 Edge ဖုန်းကို အမေရိကန်ပြည်ထောင်စုမှာ စတင်ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီဖုန်းကို ဒီလထဲမှာ ကိုရီးယားနိုင်ငံမှာ ကြေငြာခဲ့တာဖြစ်ပေမယ့် အမေရိကန်မှာတော့ တရားဝင် မကြေငြာရသေးတာဖြစ်ပါတယ်။

ဒါပေမယ့် ပန်းရောင် Galaxy S7 ဖုန်းဟာ တိုက်ရိုက်ဝယ်ယူလို့ရဦးမှာမဟုတ်ပဲ Amazon ကနေတစ်ဆင့် မှာယူရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဖုန်းဟာ Dual SIM အမျိုးအစားနဲ့ လာမှာဖြစ်ပြီး အာမခံတော့ ပါဝင်မှာမဟုတ်ဘူးလို့သိရပါတယ်။

ဒါပေမယ့်ဒါဟာ ကန့်သတ်အရေအတွက်နဲ့သာ ရရှိနိုင်မှာဖြစ်ပြီး ဘယ်နှစ်လုံးအထိ ထုတ်လုပ်ရရှိနိုင်တယ်ဆိုတာတော့ ပြောကြားခြင်းမရှိပါဘူး။ ဟန်းဆက်အနေနဲ့ ဈေးနှုန်းဟာ ဒေါ်လာ ၇၄၉ ကနေစတင်ရရှိနိုင်မှာဖြစ်ပါတယ်။

Samsung Galaxy S7 ဖုန်းဟာ ဒီမတိုင်ခင်ကလည်း ဗားရှင်းအမျိုးမျိုးနဲ့ထွက်ရှိခဲ့ဖူးပြီး Batman ဒီဇိုင်း In Justice Edition နဲ့ ဘရာဇီးလ်အိုလံပစ်ပွဲကို ရည်စူးထုတ်လုပ်ထားတဲ့ 2016 Olympic Edition တို့ဟာ ထင်ရှားပါတယ်။ ဒီဖုန်းကို မြန်မာနိုင်ငံမှာ ဘယ်အချိန် ဘယ်ဈေးနှုန်းနဲ့ ရရှိနိုင်မယ်ဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။

g-s7-in-justice-&-olympic-editions

Ref: Phone Arena

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.
Top