စွမ်းအင်သုံးစွဲမှုကို ၄၀ရာခိုင်နှုန်းအထိ လျှော့ချဖို့အတွက် DeepMind AI စနစ်ကို Google သုံးစွဲမည်

ပြီးခဲ့တဲ့ နှစ်နှစ်လောက်တုန်းက Google ဟာ DeepMind ရဲ့ AI စနစ်ကို စတင်မိတ်ဆက်ပေးခဲ့ပြီး Bloomberg ရဲ့သတင်းတွေအရ ယခုတော့ Google ဟာ Deepmind ထံက AI ကို စွမ်းအင် ချွေတာနိုင်ဖို့အတွက် အသုံးပြုတော့မှာဖြစ်တယ်လို့ သိရပါတယ်။

သတင်းတွေအရ Google ဟာ DeepMind ကုမ္ပဏီရဲ့ AI နည်းပညာကိုအသုံးပြုပြီး ဒေတာစင်တာတွေရဲ့ စွမ်းအင်ချွေတာနိုင်ဖို့အတွက် ပြုလုပ်မှာဖြစ်တယ်လို့ DeepMind ပူးတွဲတည်ထောင်သူ Demis Hassabis ကဆိုခဲ့တာပါ။

Google ရဲ့ Alphabet ကုမ္ပဏီကြီးအနေနဲ့ DeepMind ထံက AI လို့ခေါ်တဲ့ Artificial Intelligence (သိဥာဏ်တု) စနစ်ကို ကွန်ပျူတာဆာဗာတွေကို ကိုင်တွယ်ထိန်းချုပ်နိုင်ဖို့နဲ့ အအေးပေးစနစ်လို ဆက်စပ်ကဏ္ဍတွေမှာ အသုံးချနိုင်ဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။

google-deepmind2

ဒီလိုအသုံးချနိုင်ခဲ့မယ်ဆိုရင် Google ရဲ့ဆာဗာတွေမှာ အအေးပေးစနစ်အတွက် အသုံးပြုနေရတဲ့ စွမ်းအင်ရဲ့ ၄၀ရာခိုင်နှုန်းလောက်အထိကို ချွေတာနိုင်မှာဖြစ်ပြီး“ဒီလိုမျိုးဆောင်ရွက်နိုင်တာဟာ ကြီးမားတဲ့ စွမ်းအင်ချွေတာနိုင်မှုတစ်ရပ်ဖြစ်လာနိုင်မယ့်အပြင် ပတ်ဝန်းကျင်အတွက်လည်း အထူးကောင်းမွန်စေနိုင်မှာပါ” လို့ Hassabis ကဆိုပါတယ်။

Bloomberg ရဲ့ရေးသားချက်အရ Google ဟာ ၂၀၁၄ခုနှစ်တုန်းက စွမ်းအင်ပမာဏ ၄,၄၀၂,၈၃၆ မဂ္ဂါဝပ်သုံးစွဲခဲ့ရပါတယ်။ ဒါကြောင့် ဒီလိုလုပ်ဆောင်လိုက်နိုင်ခြင်းအားဖြင့် မဂ္ဂါဝပ်တစ်ဝပ်အတွက် ၂၅ဒေါ်လာကနေ ဒေါ်လာ ၄၀လောက်အထိ ချွေတာလိုက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref: 9to5 Google, Bloomberg, TechCrunch

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.
Top