အိမ်မှုကိစ္စတွေ လုပ်ဆောင်နိုင်နေပြီဖြစ်တဲ့ Boston Dynamics ရဲ့ SpotMini စက်ရုပ်ကလေး

စက်ရုပ်ကုမ္ပဏီ Boston Dynamics ဟာ ယခုအခါမှာ အိမ်မှုကိစ္စတွေကိုလုပ်ဆောင်ပြီး လူတွေကို ကူညီပေးမယ့် ခွေးစက်ရုပ်လေး “SpotMini” ကို တီထွင်လိုက်ပါတယ်။ ၆၅ပေါင် အလေးချိန်ရှိပြီး လျှပ်စစ်စွမ်းအင်သုံး စက်ရုပ်လေးပဲဖြစ်ပါတယ်။ စက်ရုပ်ကလေးမှာ ဆန့်ထုတ်နိုင်တဲ့ လက်ချောင်းတစ်ချောင်းပါရှိပြီး ပါဝင်တဲ့ ဆင်ဆာနဲ့ အထူးကင်မရာတွေကနေတစ်ဆင့် တစ်အိမ်လုံးက သခင်စေခိုင်းတဲ့အလုပ်တွေကို စက်ရုပ်လက်တံနဲ့ လုပ်ဆောင်ပေးမှာပါ။

Alphabet ပိုင်ဆိုင်တဲ့ ကုမ္ပဏီအနေနဲ့ စက်ရုပ်လေး SpotMini ဟာ  တစ်အိမ်လုံးကို လမ်းလျှောက်ပြီး ကူညီနေတဲ့ ဗီဒီယိုတစ်ခုကို တင်ခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ ပန်းကန်ဆေးစင်ပေါ်က ဖန်ခွက်တွေကို စင်ပေါ်တင်တာတွေ၊ အမှိုက်တွေကို အမှိုက်ပုံးထဲထည့်တာတွေကအစ သေသပ်ကျနအောင် လုပ်ဆောင်သွားပြခဲ့ပါတယ်။

တကယ်လို့ သူ့အနေနဲ့ လဲကျသွားခဲ့လို့ ရှိရင်တောင် စက်ရုပ်လက်တံလေးကို အသုံးပြုပြီး ပြန်ထနိုင်တာကို ဗီဒီယိုမှာ ပြသသွားခဲ့ပါတယ်။

SpotMini ဟာ အလုပ်တွေ လုပ်ပေးနိုင်ရုံသာမကပဲ သူ့ထက်မြင့်တဲ့နေရာ တွေရဲ့အောက်ကနေ ဖြတ်သန်းသွားတာတွေ၊ လှေခါးတွေပေါ်ကို အလွယ်တကူတက်တာတွေ၊ ပစ္စည်းတွေကို ပြန်လည်ကောက်ပေးတာတွေကအစ ပြုလုပ်နိုင်ခဲ့တာပါ။ အဲ့ဒီအပြင် သခင်က ပစ္စည်းတွေယူခိုင်းရင်လည်း ယူလာပေးနိုင်ပြီး စတာနောက်တာတွေတောင် ပြုလုပ်နိုင်လာတာဖြစ်ပါတယ်။

Google ရဲ့ ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ AI နည်းပညာကို စက်ရုပ်မှာ ထည့်သွင်းအသုံးပြုထားတာလည်း ဖြစ်ပြီး ကျိုးကြောင်းဆင်ခြင်တွေးခေါ်နိုင်မှု၊ တွက်ချက်မှုတွေကိုပါ ပြုလုပ်လာနိုင်တာပါ။ နောက်ပိုင်းမှာ Boston Dynamic ဟာ SpotMini စက်ရုပ်လေးကို ဒီထက်ပိုမိုအဆင့်မြှင့်တင်လာဦးမှာ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။ အောက်ကဗီဒီယိုမှာ စက်ရုပ်လေးရဲ့ အလုပ်လုပ်ပုံကို ကြည့်ရှုနိုင်ပါတယ်။

Ref: Techno Buffalo

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.
Top