VR Headset များအတွက် ထွက်ရှိလာတော့မယ့် Fruit Ninja ဂိမ်း

VR Headset များအတွက် ထွက်ရှိလာတော့မယ့် Fruit Ninja ဂိမ်း

Fruit Ninja ဟာမိုဘိုင်းလ်ဂိမ်းတွေထဲမှာ ကျွန်တော်တို့တွေ အရင်ဆုံးဆော့ဖူးတဲ့ ဂိမ်းအမျိုးအစားတစ်ခုလို့ ပြောရင်လဲ မမှားပါဘူး။ ဒီဂိမ်းဟာ ကျွန်တော်တို့ရဲ့ ရင်ထဲမှာ စွဲနေဆဲ ဂိမ်းတစ်မျိုးလည်း ဖြစ်ပါတယ်။ ဒီအသီးခွဲတဲ့ ဂိမ်းဟာ ၂၀၁၀ခုနှစ်မှာ iOS တွေအတွက် စတင်ကြေငြာခဲ့ပြီး နောက်ပိုင်း တစ်ကမ္ဘာလုံးမှာ ခေတ်စားလာခဲ့ပါတယ်။ အခုတော့ ဒီဂိမ်းကို Virtual Reality Headset ပလက်ဖောင်းတွေမှာ ပြန်လည် မြင်တွေ့ရဖို့ ရှိနေပါပြီ။

Fruit Ninja VR ကို မကြာမှီမှာ HTC Vive နဲ့ Oculus Rift တွေမှာ ရရှိဆော့ကစားနိုင်တော့မှာဖြစ်တယ်လို့ ကုမ္မဏီဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ သိရပါတယ်။ မကြာမီမှာလည်း PlayStation VR နဲ့ Daydream တွေမှာ ရနိုင်တော့မယ်လို့ IGN ရဲ့ သတင်းတစ်ရပ်အရသိရတာပါ။

ဒီဂိမ်းဟာ အရင်ကျွန်တော်တို့ ဖုန်းတွေမှာ သဲကြီးမဲကြီးကစားခဲ့ဖူးတဲ့ ဂိမ်းနဲ့ အတော်လေးကိုဆင်တူပါတယ်။ ဒါပေမယ့် လက်ချောင်းတွေနဲ့ အသီးတွေကို ခွဲရမယ့်အစား Virtual လက်ကိုင်တစ်စုံကသင့်လက်ထဲမှာ ရှိနေမှာပါ။ ဒါဟာဆိုရင် သင့်အနေနဲ့ ဓားနှစ်ချောင်းကို ကိုင်ပြီးခွဲရမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အသီးတွေကို အရင်ကထက်ပိုပြီး အားပါးတရ ခုတ်ဖြတ်နိုင်မှာပါ။

ဗီဒီယိုထဲမှာတော့ လူနှစ်ယောက်သုံးယောက်က HTC VR နဲ့ ဒီဂိမ်းကိုစမ်းသပ် ဆော့ကစားနေတဲ့ပုံဖြစ်ပါတယ်။ ဂိမ်းကတော့ အရင်လိုမျိုး စိတ်လှုပ်ရှားမှုတွေ ထပ်မံဆောင်ကျဉ်းလာဦးမလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

Ref: Techno Buffalo

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.

Top