လွန်ခဲ့တဲ့ ၃၇နှစ်ရဲ့ ဒီနေ့မှာ Apple II ကွန်ပျူတာကို စတင်ဈေးကွက်တင်ခဲ့ပါတယ်

၁၉၇၇ခုနှစ်ရဲ့ ဒီနေ့မှာ Apple ကုမ္ပဏီဟာ သူတို့ရဲ့ ပထမဆုံး Apple Series ကွန်ပျူတာမျိုးဆက်ဖြစ်တဲ့ Apple II Original ကိုစတင်ရောင်းချ၊ ဈေးကွက်တင်ခဲ့ပါတယ်။ ဒီ Apple II ရဲ့ ပထမမျိုးဆက်၊ ကွန်ပျူတာမှာ 1MHz MOS 6502 processor နဲ့ တွဲဖက်ထားတဲ့ ကီးဘုတ်တို့ပါဝင်ပါတယ်။ အဲ့ဒီအပြင် 4K မမ်မိုရီကို၊ 48K အထိချဲ့လို့ရမယ့် ပမာဏနဲ့ မော်နီတာကလည်း အရောင်အသွေးအစုံအလင်ပါဝင်လာတဲ့အပြင်၊ Sound Card တို့လည်း ပါဝင်လာခဲ့တာပါ။

ဒီကွန်ပျူတာဟာ Microcomputer ထုတ်ကုန်တွေထဲမှာ ပထမဆုံး အများအပြားထုတ်လုပ်နိုင်တဲ့ကွန်ပျူတာ တစ်မျိုးဖြစ်ခဲ့ပါတယ်။ ဈေးနှုန်းကတော့ ၁၂၉၈ဒေါ်လာနဲ့ ၂၂၃၈ဒေါ်လာ တို့အသီးသီးရှိတာကြောင့် ဈေးနှုန်းများပြားတဲ့အထဲမှာပါဝင်ပြီး ထင်သလောက်အောင်မြင်မှုမရခဲ့တာကြောင့် ထုတ်လုပ်ပြီး ၄နှစ်အကြာ ၁၉၈၁ခုနှစ်မှာ ထုတ်လုပ်မှုကို ရပ်တန့်ခဲ့ပါတယ်။

Ref: This Day in Tech History, Wikipedia

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.
Top