JBL က ဒေါ်လာ ၆၀ သာကျသင့်မယ့် ရေစိုခံ ဘလူးတုသ် စပီကာ Clip 2 ကို ထုတ်လုပ် - DigitalTimes.com.mm

JBL က ဒေါ်လာ ၆၀ သာကျသင့်မယ့် ရေစိုခံ ဘလူးတုသ် စပီကာ Clip 2 ကို ထုတ်လုပ်

jbl-clip-2

ကမ္ဘာကျော်စပီကာ ကုမ္မဏီ ဖြစ်တဲ့ JBL ဟာ အသေးငယ်ဆုံး ဘလူးတုသ် စပီကာ တွေ ထဲမှာ Clip ဆိုတဲ့ စပီကာ လေးတွေကို ထုတ်လုပ်ပြီး ထိပ်ဆုံးက ရပ်တည်နေခဲ့တာပါ။ အခုလည်း လာမယ့် နွေရာသီမှာ JBL က Clip 2 ဆိုတဲ့ ဘလူးတုသ် စပီကာ အသေးစားလေးတွေကို ထပ်မံထုတ်လုပ်ဦးမယ်လို့ သိရပါတယ်။ ဈေးနှုန်းကလည်း ဒေါ်လာ ၆၀ သာ ကျသင့်မှာဖြစ်တဲ့အတွက် စိတ်ဝင်စားဖို့ ကောင်းနေပြန်ပါတယ်။

Clip 2 မှာ သိသာထင်ရှားစွာ ကောင်းမွန်လာတာကတော့ ရေစိုခံ စနစ်ပါင်လာတာပါပဲ။ ဒါ့အပြင် Clip နဲ့ Clip+ မှာတုန်းက မရခဲ့တဲ့ လုပ်ဆောင်ချက်တွေအနေနဲ့ Clip 2 ဟာ သတ္တုကိုယ်ထည်နဲ့ ပြုလုပ်ထားတာဖြစ်ပြီး ဘက်ထရီသက်တမ်းဟာလည်း ၈ နာရီအထိ အသုံးခံနိုင်ပါတယ်။ Clip နဲ့ Clip+ မှာတုန်းကတော့ ပလတ်စတစ်ကိုယ်ထည်နဲ့ ပြုလုပ်ပြီး ၅ နာရီသာ အသုံးခံခဲ့တာဖြစ်ပါတယ်။

အသံပိုင်းဆိုင်ရာမှာလည်း ပိုမိုထူးခြားလာတာက JBL ကထုတ်လုပ်ထားတဲ့ Connect App ကိုအသုံးပြုပြီး Clip 2 စပီကာ ၂ လုံးကို တစ်ပြိုင်နက်ချိတ်ဆက်ပြီး နားဆင်နိုင်မှာပါ။ ဒါပေမယ့် အသံပိုကျယ်လာတဲ့ ကောင်းမွန်မှုကိုသာ ရရှိမှာဖြစ်ပြီး အသံ အရည်အသွေးနဲ့ ဘေ့စ် ထုတ်လွှင့်မှုတွေကတော့ တိုးလာမှာ မဟုတ်ပါဘူး။

အခြား လုပ်ဆောင်ချက်တွေအနေနဲ့ကတော့ ဖုန်းနဲ့ချိတ်ဆက်ပြီး သီချင်းဖွင့်ထားစဉ်မှာ ဖုန်းဝင်လာပါက စပီကာ ပေါ်မှာပါဝင်တဲ့ Touch ခလုတ်ကို နှိပ်ပြီး စပီကာနဲ့ချိတ်ဆက်လျက် အနေအထားမှာ ဖုန်းလက်ခံပြောဆိုနိုင်ပြီး ဘလူးတုသ် မပါဝင်တဲ့ ကိရိယာတွေနဲ့ချိတ်ဆက်ဖို့အတွက်လည်း ၃.၅ မီလီမီတာ အရွယ်အစား Aux In ကြိုးပေါက်လည်းပါဝင်တယ်လို့ သိရပါတယ်။

Ref : Gadgets 360

Comments

comments

Mario
Mario is an enthusiast who wants to discover the trending stories.Mario,a former journalist,was also worked as a freelance translator at many websites and journals in Yangon.He loves to write articles about latest gadgets ၊ smart things ၊ Billionaires and strongly believes in Science Fiction Stories like Star Wars.He's always trying to get new tattoos on his body and likes to watch Superhero movies ၊ cartoon and chinese kung-fu.In his freetime,he always put his earphones and listens to Old Skool Rap songs.

Top