၂၀၁၆ ခုနှစ်မှာ BlackBerry က Android စနစ်သုံး ဖုန်း ၂ လုံး ထုတ်လုပ်ဦးမည်

 

id-2957433-blackberry-slider-clean-100590794-orig-100600925-orig

 
အမြဲတမ်း ကိုယ်ပိုင် နည်းပညာတွေနဲ့ သီးသန့်ရပ်တည်လာခဲ့တဲ့ BlackBerry ဟာ လက်ရှိမှာလည်း Android စနစ်သုံး စမတ်ဖုန်းတစ်လုံးကို ထုတ်လုပ်ထားတဲ့အခါမှာ ရောင်းအား ပြန်ကောင်းလာတာကိုတွေ့ရတာကြောင့် BlackBerry ရဲ့ အမှုဆောင်အရာရှိချုပ် John Chen က သူတို့အနေနဲ့ နောက်ထပ် Android ဖုန်းတစ်လုံးကို ၂၀၁၆ ခုနှစ်မှာ ထပ်မံ ထုတ်လုပ်ဦးမယ်လို့ ပြောခဲ့ဖူးပါတယ်။

လက်ရှိကျင်းပနေတဲ့ CES 2016 ပွဲတော်မှာတော့ BlackBerry ဟာ Google က ထုတ်လုပ်ထားတဲ့ Android စနစ် အသုံးပြုမယ့် ဖုန်း ၂ လုံး တိတိ ထပ်မံထုတ်လုပ်ဦးမယ်ဆိုတာကို ထုတ်ဖော်ပြောကြားသွားပါတယ်။ ဒါပေမယ့်လည်း Chen က ထို Android ဖုန်း ၂ လုံး ရဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပါဘူး။ လက်ရှိထုတ်လုပ်ထားတဲ့ Android စနစ်သုံး Priv ရဲ့ ဈေးကွက်တိုးချဲ့ထားမှုတွေကိုသာ ပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့လတုန်းကတော့ Chen ဟာ နောက်ထပ် Android ဖုန်း ထုတ်လုပ်မယ့် အစီအစဉ်အပေါ်မှာ “Priv ပေါ်မူတည်ပါတယ်။ အကယ်၍ Priv ဟာ ဈေးကွက်ရလဒ်တွေကောင်းမွန်ခဲ့မယ်ဆိုရင်တော့ အဲဒါဟာ ၂၀၁၆ မှာ ဈေးအသင့်အတင့် ရှိပြီး အရည်အသွေးမြင့်တဲ့ Android ဖုန်းတွေ ထုတ်လုပ်ဖို့ အခွင့်အရေးကောင်းဖြစ်လာမှာပါ” လို့ ဖြေကြားခဲ့ဖူးပါတယ်။

ဒါ့အပြင် လက်ရှိထုတ်လုပ်ထားတဲ့ Android စနစ်သုံးစမတ်ဖုန်း Priv မှာလည်း Android ရဲ့နောက်ဆုံးပေါ် ဗားရှင်း Android 6.0 Marshmallow ကို ၂၀၁၆ ခုနှစ်ရဲ့ ပထမဆုံး ၃ ပုံ ၁ ပုံကာလမှာ ထည့်သွင်းနိုင်အောင် ပြုလုပ်ပေးသွားမယ်လို့ ထို CES ပွဲတော်မှာ ပြောပြသွားပါသေးတယ်။

စမတ်ဖုန်းထုတ်လုပ်ရေးမဟုတ်တဲ့ အခြား ကဏ္ဍ မှာလည်း BlackBerry ရဲ့ လုပ်ဆောင်ချက်တွေရှိနေပါတယ်။ Chen ဟာ ကနေဒါ ကုမ္မဏီ တစ်ခုနဲ့အတူ QNX အခြေခံထားတဲ့ အလိုလျောက်ကားမောင်းနှင်နိုင်စေမယ့် ဆော့ဖ်ဝဲ တစ်မျိုးကို ထုတ်လုပ်ဖို့ ရှိတဲ့အကြောင်း ပြောခဲ့ပါသေးတယ်။ ထို ဆော့ဖ်ဝဲ ဟာ ကားအပြင်က ဒေတာ ကိုတွေကို စုစည်းပြီး ပြန်လည်ဖော်ပြပေးမှာပါ။ ထို ဆော့ဖ်ဝဲကို ကားရဲ့  ယာဉ်မောင်း အကူ စနစ်ထဲကို ထည့်သွင်းထားဖို့ပဲ လိုအပ်မှာပါ။

BlackBerry ဟာ မိုဘိုင်းလ်ဖုန်းထုတ်လုပ်ရေးသာမကပဲ မော်တော်ယာဉ် ကဏ္ဍ အပါအ၀င် အခြား ကဏ္ဍ မြောက်များစွာမှာလည်း ပါဝင် ပတ်သက် လာတော့မှာပါ။

Ref : Gadgets 360

Comments

comments

Mario
Mario is an enthusiast who wants to discover the trending stories.Mario,a former journalist,was also worked as a freelance translator at many websites and journals in Yangon.He loves to write articles about latest gadgets ၊ smart things ၊ Billionaires and strongly believes in Science Fiction Stories like Star Wars.He's always trying to get new tattoos on his body and likes to watch Superhero movies ၊ cartoon and chinese kung-fu.In his freetime,he always put his earphones and listens to Old Skool Rap songs.
Top