email တီထွင်ခဲ့သူ Ray Tomlinson ကွယ်လွန်

email ကို စတင်တီထွင်ခဲ့တဲ့ လူလို့ လူသိများခဲ့တဲ့ အင်တာနက်ရဲ့ ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်တဲ့ Ray Tomlinson ဟာ ပြီးခဲ့တဲ့ မတ်လ ၅ရက်နေ့က အသက်၇၄နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ သတင်းတွေအရ Tomlinson ဟာ ရုတ်တရက် နှလုံးဖောက်ပြန်မှု ဖြစ်ပွားပြီးတော့ သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအမေရိကန်ကွန်ပျူတာ ပရိုဂရမ်မာဟာ ကွန်ယက်တစ်ခုကနေ နောက်တစ်ခုကို အီလက်ထရောနစ်မက်ဆေ့ခ်ျတွေ ပို့ပေးနိုင်လိမ့်မယ်လို့ ၁၉၇၁ ခုနှစ်တုန်းက အကြံဥာဏ်ဖြစ်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ စံအဖြစ် အသုံးပြုနေဆဲဖြစ်တဲ့ email လိပ်စာပေါ်က @ သင်္ကေတတွေကလည်း သူ့ရဲ့တီထွင်မှုမှာ အပါအဝင်ဖြစ်ပါတယ်။

သူဟာ ဘော်စတွန်မှာ ရှိတဲ့ Bolt ကုမ္ပဏီမှာ အင်ဂျင်နီယာအဖြစ် အလုပ်လုပ်နေစဉ်အတောအတွင်း သူ့ရဲ့ ပထမဆုံး email ကို Beranek နဲ့ Newman တို့နဲ့အတူ တီထွင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအပြင် Arpanet လို့ လူသိများတဲ့ အင်တာနက်ကို အမြန်ဆုံးတိုးတက်လာစေခဲ့တဲ့ အစောပိုင်းပုံစံ ကိုလည်း တီထွင်ခဲ့ရာမှာ အရေးပါခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့် Tomlinson ကနောက်ပိုင်းမှာ သူ့ပို့ခဲ့တဲ့ ပထမဦးဆုံး မက်ဆေ့ခ်ျကဘာလဲ ဆိုတာကို မမှတ်မိတော့ပဲ လုံးဝမေ့သွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။

သူကွယ်လွန်တာကို ဝမ်းနည်းတဲ့အထိမ်းအမှတ်အနေနဲ့ Google ရဲ့ Gmail အဖွဲ့၊ အင်တာနက်စွန့်ဦးတီထွင်ပညာရှင် Vint Cerf တို့ကလည်း ဝမ်းနည်းကြောင်း Post တွေကို Twitter စာမျက်နှာတွေမှာ တင်ခဲ့ကြပါတယ်။

ray tomlinson sad twitt Gmailray tomlinson sad twitt vint cerf

Ref: BBC, Guardian

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.
Top