Google ၏ Project Loon အင်တာနက်ဘောလုံးများ အစမ်းလွှင့်တင်မှု၌ပျက်ကျ

Google ကုမ္ပဏီရဲ့ Project Loon လို့ခေါ်တဲ့ မြန်နှုန်းမြင့်အင်တာနက် ဝန်ဆောင်မှုအစီအစဉ်ဟာ သီရိလင်္ကာနိုင်ငံမှာပြုလုပ်ခဲ့တဲ့ အစမ်းပျံသန်းမှုမှာ ပျက်ကျသွားခဲ့တယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြည်တွင်းရဲတွေရဲ့ ပြောကြားချက်အရသိရပါတယ်။

Google ရဲ့အင်တာနက်ဝန်ဆောင်မှုအတွက် လွှင့်တင်ခဲ့တဲ့ ဘောလုံးပျက်ကျသွားခဲ့တာကို ရွာတွေကနေလှမ်းမြင်ခဲ့ရတယ်လို့ အဆိုပါရဲအရာရှိက AFP ကိုပြောကြားခဲ့တာဖြစ်ပါတယ်။ “လက်ဖက်စိုက်ခင်းက အလုပ်သမားတွေက အဲ့ဒီဘောလုံးဟာ ပျက်ကျပြီး လက်ဖက်စိုက်ခင်းတွေပေါ်ကို ပြုတ်ကျခဲ့ပြီး သူတို့ကပျက်ကျခဲ့တဲ့ အပိုင်အစတွေကို ရဲစခန်းကိုယူလာခဲ့တယ်”လို့ အဲ့ဒီရဲအရာရှိက ဆက်လက်ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် သီရိလင်္ကာဆက်သွယ်ရေးအေဂျင်စီ (ICTA) ကတော့ ဒီလိုဖြစ်တာဟာ ပျက်ကျတာမဟုတ်ပဲ နဂိုရှိတဲ့အစီအစဉ်အတိုင်းလုပ်ဆောင်ခဲ့တာဖြစ်တယ် လို့ဆိုပါတယ်။ ICTA အနေနဲ့ အရင်ကဒီလို မျိုးဆင်းသက်ဖို့ကြိုတင်စီစဉ်ထားခြင်းရှိမရှိ ကိုတော့ မဖြေကြားခဲ့ပါဘူး။

ပျက်ကျခဲ့သည့် Project Loon နှင့်ရွာသားများ
ပျက်ကျခဲ့သည့် Project Loon နှင့်ရွာသားများ

 

 

 

 

 

 

 

 

 

တောင်အမေရိကကနေ ပထမဆုံးလွှတ်တင်ခဲ့တဲ့ Google ဘောလုံးသုံးလုံးဟာ တနင်္လာနေ့က သီရိလင်္ကာလေပိုင်နက်ထဲကို စတင်ဝင်ရောက်လာခဲ့ပြီး အမေရိကန်နည်းပညာကုမ္ပဏီကြီးနဲ့ ကိုလမ်ဘိုတို့အကြား မြန်နှုန်းမြှင့်အင်တာနက်ကို ဟီလီယမ်ဘောလုံးတွေနဲ့ ဆက်သွယ်မယ့် အစီအစဉ်တွေထဲကတစ်ခုဖြစ်ခဲ့ပါတယ်။ အဲ့ဒီကျွန်းနိုင်ငံလေးရဲ့ စီးပွားရေးလုပ်ငန်းရဲ့ ဆယ်ရာခိုင်နှုန်းဟာ တယ်လီဖုန်းဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်ပြီး ပိုမိုပြီး ဈေးပေါကောင်းမွန်တဲ့ ဒေတာဝန်ဆောင်မှုတွေရရှိဖို့အတွက် ပြောထားခဲ့ပါတယ်။

ဘောလုံးတွေဟာ လေထုထဲက စထရာတိုစဖီးယားအလွှာထဲမှာရှိနေမှာဖြစ်ပြီး တရားဝင်လေကြောင်းတွေပျံသန်းနေတဲ့ အမြှင့်ရဲ့ နှစ်ဆအမြှင့်မှာရှိနေမှာဖြစ်ပါတယ်။ ဘောလုံးရဲ့သက်တမ်းဟာရက်ပေါင်း ၁၈၀ ရှိမှာဖြစ်ပြီး ပြန်လည်အသုံးချလို့ရတာဖြစ်ပါတယ်။ သီရိလင်္ကာလူဦးရေ သန်းနှစ်ဆယ်ခန့်ရဲ့ လေးပုံတစ်ပုံဟာ ပုံမှန်အင်တာနက်အသုံးပြုသူတွေဖြစ်ပါတယ်။

Ref: Gadgets360

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.
Top