Bokeh effect ဆိုတာဘာလဲ ? . . . ဘယ်လို ရိုက်ကူးမလဲ ? . . .

Bokeh effect ဆိုတာဘာလဲ ? . . . ဘယ်လို ရိုက်ကူးမလဲ ? . . .

နည်းပညာတွေ မြင့်မားလာတာနဲ့အမျှ ဓာတ်ပုံပညာကလည်း တိုးတက်လာတာ တွေ့ရပါတယ်။ ကင်မရာအသားပေး စမတ်ဖုန်းတွေ အမြောက်အများထွက်ရှိလာတဲ့အတွက် ဓာတ်ပုံ ဆရာကောင်းတစ်ယောက်ဖြစ်ဖို့ အရင်ကလို DSLR ကင်မရာတွေ၊ Lens တွေ ပိုင်ဆိုင်စရာမလိုဘဲ စမတ်ဖုန်းတွေနဲ့တင် ဓာတ်ပုံကောင်းကောင်းရိုက်ယူနိုင်တဲ့ ၊ ဓာတ်ပုံဆရာတစ်ယောက်ဖြစ်နိုင်မယ့် ခေတ်ကို ရောက်ရှိနေပါပြီ။

ဓာတ်ပုံပညာမှာ မကြာခဏမြင်တွေ့နေရပြီး လူသိနည်းနေသေးတဲ့ လုပ်ဆောင်ချက်တစ်ခုကတော့ Bokeh (ဘိုခေး) effect ပဲဖြစ်ပါတယ်။ Bokeh ဆိုတာဟာ ဂျပန်ဘာသာစကားနဲ့ဆို Blur Quality လို့အဓိပ္ပါယ်ရတဲ့ Boke-aji ဆိုတဲ့ စကားလုံးကနေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ Bokeh effect ဆိုတာကတော့ ဓာတ်ပုံရိုက်တဲ့အခါ မိမိချိန်ထားတဲ့ မြင်ကွင်းထဲက မလိုအပ်တဲ့ ပုံရိပ်တွေကို မထင်းမရှားဖြစ်အောင်၊ ဝေဝါးအောင် လုပ်ခြင်းပဲဖြစ်ပါတယ်။ ဒါဟာ ကင်မရာရဲ့ ချို့ယွင်းချက်တစ်ခုခုကြောင့် ဝါးနေတာမျိုးမဟုတ်ဘဲ မိမိ Focus ထားတဲ့ အရာဝတ္ထု၊ပုံရိပ်ကိုပဲ ကြည်ကြည်လင်လင် ထင်ထင်ရှားရှားဖြစ်အောင် ရိုက်ကူးတဲ့ ဓာတ်ပုံပညာတစ်ခုဖြစ်ပါတယ်။ မလိုအပ်တဲ့ အရာတွေကို ဝေဝါပြီး အဓိက နေရာကိုသာ ထင်ထင်ရှားရှားပြသပေးထားခြင်းက ကြည့်ရှုသူကို မျက်စိပသာဒ ဖြစ်စေရုံသာမက ဓာတ်ပုံကိုလည်း ပိုမိုစွဲဆောင်မှုရှိစေပါတယ်။

Displaying Dad & Friends 01.jpg
Dual Camera ပါဝင်တဲ့ Huawei GR5 2017 နဲ့ ရိုက်ကူးထားတာကို ဥပမာ ပြသထားတာဖြစ်ပါတယ်

နေ့အချိန်မှာသာမက ညဘက်ရိုက်ကူးမှုတွေမှာလည်း Boken effect ကအသုံးဝင်ပါတယ်။ မြို့ပြရဲ့ ညဘက် မီးရောင်တွေကို လှပစွာ ရိုက်ယူနိုင်စေဖို့ အလင်းရောင် အစက်အပြောက်တွေကို Bokeh effect က ဖန်တီးပေးနိုင်ပါတယ်။ ဒါ့အပြင် အနီးကပ် ပုံတွေကို အကောင်းဆုံးဖန်တီးနိုင်တဲ့အတွက် အလှဓာတ်ပုံ (Portrait) ရိုက်ကူးသူ တွေအတွက်လည်း အကောင်းဆုံး လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။

Image result

ဒီနေရာမှာ ရိုးရိုးရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုလည်း Photo Editing app တွေကို သုံးပြီး မလိုတဲ့ နေရာတွေကို ဝေဝါးအောင်လုပ်လို့ရနိုင်တာပဲလို့ ထောက်ပြစရာရှိနိုင်ပါတယ်။ သာမန်အရည်အသွေးနဲ့ အဆင်ပြေသလို ရိုက်ထားတဲ့ ဓာတ်ပုံကို app နဲ့ စိတ်ကြိုက်ပြင်ခြင်းက Manual ရိုက်လို့ရရှိလာတဲ့ အရည်အသွေး မြင့် ဓာတ်ပုံတစ်ပုံလောက် ဆွဲဆောင်မှုမရှိနိုင်ပါဘူး။ အရည်အသွေးလည်း အလွန်ကို ကွာခြားပါတယ်။

Bokeh effect ရရှိအောင်ဘယ်လိုရိုက်မလဲ

Bokeh effect ရရှိစေတဲ့ အဓိက အချက်ကတော့ မှန်ဘီလူးဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ ဓာတ်ပုံဆရာတွေဟာ အရာဝတ္ထုတွေကြားက အကွာအဝေးကို ပြောင်းလဲဖို့၊ ဓာတ်ပုံတစ်ခုလုံးကို ထင်ရှားပြတ်သားအောင်ပြုလုပ်ဖို့၊ အချို့အစိတ်အပိုင်းတွေကိုသာ Focus ထားပြီး မလိုတဲ့ အပိုင်းတွေကို ဝေဝါးအောင်လုပ်ဖို့အတွက် ကင်မရာရဲ့ အလင်းဝင်ပေါက် (Aperture) ကို ချိန်ညှိရပါတယ်။ ဒါဟာ အရင်ကတော့ Lens ကောင်းကောင်းတပ်ဆင်ထားတဲ့ DSLR ကင်မရာတွေနဲ့သာ ရိုက်ကူးနိုင်တဲ့ effect တစ်ခုဖြစ်ပါတယ်။ အခုအချိန်မှာတော့ အပေါ်မှာပြောခဲ့သလို ကင်မရာ အသားပေးစမတ်ဖုန်းတွေ ထွက်ပေါ်လာပြီဖြစ်တဲ့အတွက် စမတ်ဖုန်းတွေနဲ့လည်း Bokeh effect ရရှိအောင် ရိုက်ကူးနိုင်ပြီဖြစ်ပါတယ်။

စမတ်ဖုန်းနဲ့ Bokeh effect ရရှိအောင် ရိုက်ကူးဖို့အတွက်ကတော့ အဓိက အနေနဲ့ Dual Camera ပါဝင်တဲ့ စမတ်ဖုန်း လိုအပ်ပါတယ်။ Dual Camera ရဲ့ လုပ်ဆောင်ချက်ကတော့ အဓိက ကင်မရာရဲ့ မှန်ဘီလူးက ပုံရိပ်ကို ဖမ်းယူဖို့ ကြိုးစားနေချိန်မှာ ဒုတိယကင်မရာ ရဲ့ မှန်ဘီလူးက ဆုံချက်ကနေ အလင်းဘယ်လောက်ဝင်လာသလဲ ဆိုတာကို တွက်ချက်ပြီး အကွာအဝေးကို တိုင်းတာပေးမှာဖြစ်ပါတယ်။

Dual Camera ရဲ့ အဓိက စွမ်းဆောင်ချက်ဖြစ်တဲ့ အလင်းဝင်ပေါက်ကို ကျယ်ပြန့်စွာ စိတ်ကြိုက်ချိန်ညှိနိုင်စေမယ့် Wide Aperture ဆိုတဲ့ လုပ်ဆောင်ချက်က Bokeh effect ရဲ့ အဓိက သော့ချက် တစ်ခုဖြစ်ပါတယ်။ Wide Aperture လုပ်ဆောင်ချက် နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံ ဟာ အလင်းဝင်ပေါက်ကို ကျယ်ပြန့်စွာ ချိန်ညှိနိုင်တဲ့အတွက် ရိုက်ယူပြီးတဲ့ အချိန်မှာတောင် ကြိုက်နှစ်သက်ရာ နေရာတွေကို ထောက်ပြီး Bokeh effect ရရှိစေနိုင်မှာဖြစ်ပါတယ်။

 

Comments

comments

Top