Samsung Myanmar မှ Brand Ambassador အသစ် များ ထပ်မံခန့်အပ်

Samsung Myanmar မှ Brand Ambassador အသစ် များ ထပ်မံခန့်အပ်

ဆမ်ဆောင်းမြန်မာ မှ ထုတ်ပြန်တဲ့ သတင်းတွေအရ ၂၀၁၇ နှစ်သစ်အားကြိုဆိုနှုတ်ဆက်ခြင်း နဲ့ အတူတူ မူလ Samsung ကုန်အမှတ်တံဆိပ် သံတမန်များဖြစ်ကြတဲ့ တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်၊ Bobby Soxer တို့အပြင် Brand Ambassador အသစ်များ အဖြစ် သရုပ်ဆောင်နေတိုး၊ သရုပ်ဆောင်အေးမြတ်သူ၊ မော်ဒယ်သရုပ်ဆောင် အေရီရယ်သုတ နဲ့
တေးသံရှင်ပန်းရောင်ခြယ်တို့အား ဂုဏ်ယူစွာ ခန့်အပ်လိုက်တယ် လို့ သိရပါတယ်။

“အခုလို သုံးစွဲသူတွေရဲ့ ယုံကြည်စိတ်ချမှုကို အခိုင်အမာရထားပြီး ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုလည်း ဖြစ်တဲ့ Samsung Myanmar ရဲ့သံတမန်တစ်ဦးအဖြစ် ခန့်အပ်ခြင်းခံရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ Samsung နဲ့အတူ ရှေ့ဆက်လက်တွဲပြီးလည်း အလုပ်တွေအများကြီးလုပ်သွားဖို့ရှိပါတယ်။”  လို့ Samsung Myanmar ရဲ့ သံတမန်အဖြစ်ခန့်အပ်ခြင်းခံရသူတွေထဲက တစ်ဦးအပါအ၀င်ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နေတိုး က ပြောကြားခဲ့ပါတယ်။

တေးသံရှင် ပန်းရောင်ခြယ် ကလည်း “လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်တဲ့ Samsung လို အရည်အသွေးမြင့် အမှတ်တံဆိပ်တစ်ခုကို တခြားအနုပညာအစ်ကို အစ်မတွေနဲ့အတူ ကိုယ်စားပြုပေးရမယ့်အတွက် ဂုဏ်ယူမိပါတယ်။ ရှေ့ဆက်ပြီးလည်း ပန်းရောင်ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို လုပ်ရင်း Samsung နဲ့အတူလက်တွဲပြီး ပရိသတ်ကြီးဆီကို စိတ်ဝင်စားစရာအစီအစဉ်တွေ ယူဆောင်လာပေးမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

Samsung Galaxy စမတ်ဖုန်း ဒါမှမဟုတ် တက်ဘလက်တွေကိုဝယ်ယူသူတွေအနေနဲ့ ကျပ် ၁၀,၀၀၀ ကနေ ကျပ် ၄၀,၀၀၀ အထိ လက်ငင်းငွေသား ကျေးဇူးတုံ့ပြန်မှုတွေကို ရနိုင်တဲ့အပြင် ကျပ် ၂၀,၀၀၀ ကျော်ကနေ ၇၀,၀၀၀ ကျော်တန်ဖိုးရှိတဲ့ လက်ဆောင်တွေကိုလည်း Samsung Myanmar အနေနဲ့ သုံးစွဲသူပရိတ်သတ်ကြီး ကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ပေးအပ်သွားမှာဖြစ်ပါတယ်။”  လို့ Samsung Myanmar ရဲ့ Head of IT and Mobile ကိုဇာနည်ဝင်းထက် က ပြောကြားခဲ့ပါတယ်။

အဲဒီ အစီအစဉ်ဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ မှ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ အကျုံးဝင်ပြီး Samsung စမတ်ဖုန်း နဲ့ တက်ဘလက် ဝယ်ယူသူတွေအတွက် ဝယ်ယူတဲ့ ထုတ်ကုန်ပစ္စည်းမော်ဒယ်အလိုက် လက်ငင်းငွေသားလက်ဆောင်တွေနဲ့ အတူ အထူးလက်ဆောင်ဗူးတွေကို ပြန်လည်ပေးအပ်သွားမှာ ဖြစ်တဲ့ အစီအစဉ်တစ်ခု ပဲ ဖြစ်ပါတယ်။ အဆိုပါ နှစ်သစ်ကူးအထူးအစီအစဉ် မှည J1 (2016)၊ J2၊ J2 Prime၊ J3၊ On 7၊ J5 (2016)၊ Tab J 7”၊ J7 (2016)၊ J7၊ J5 Prime၊ J7 Prime၊ Tab A 8” LTE၊ Tab A 10.1”၊ A5 (2016)၊ A7 (2016)၊ A5 (2017)၊ A7 (2017)၊  A9 Pro၊ Note 5၊ S7 Edge၊ Tab S2 VE 8” နှင့် Tab S2 VE 9.7” အစရှိတဲ့ မော်ဒယ်တွေပါဝင်ပြီး လက်ငင်းငွေသား တုံ့ပြန်မှုနှင့်အတူ  လက်ဆောင်တွေ ပေးအပ်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ မော်ဒယ်အလိုက် လက်ဆောင်အနေအထား ကွဲပြားမှုရှိတယ် လို့ သိရပါတယ်။

Ref : Samsung Myanmar

 

Comments

comments

Top