မိနစ်(၂၀) အားသွင်းရုံနဲ့ မိုင် (၃၀၀) မောင်းနှင်နိုင်မယ့် ကား ဘတ္ထရီကို Samsung ပြသ

မိနစ်(၂၀) အားသွင်းရုံနဲ့ မိုင် (၃၀၀) မောင်းနှင်နိုင်မယ့် ကား ဘတ္ထရီကို Samsung ပြသ

ပြီးခဲ့တဲ့ ဇန်နဝါရီ(၉) ရက်နေ့က အမေရိကန်နိုင်ငံ Michigan ပြည်နယ်တွင်းက Detroit မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ North American International Auto Show မှာ Samsung SDI အနေနဲ့ တီထွင်ဖန်တီးမှုအသစ်တစ်ခုအဖြစ် မိနစ်(၂၀) အားသွင်းရုံနဲ့ မိုင်(၃၀၀) မောင်းနှင်နိုင်မယ့် လျှပ်စစ်ကား ဘတ္ထရီ ကို ပြသခဲ့တယ်လို့သိရပါတယ်။

Samsung SDI has unveiled a new battery for electric cars that not only has better range, but is equip with'fast charged' capabilities. This high-energy density battery cell offers 373 miles (600 kilometers) of driving and can reach 80 percent capacity in just 20 minutes

Galaxy Note 7 ဘတ္ထရီပြဿနာကြောင့် များစွာအရှက်ရခဲ့တဲ့ Samsung ဟာ ၄င်းရဲ့ ဂုဏ်သိက္ခာကို လျှပ်စစ်ကား နယ်ပယ်မှာ ပြန်လည်အဖတ်ဆယ်နိုင်ခဲ့တယ်လို့ ပြောရမှာပါပဲ။
အခုမိတ်ဆက်ပြသလိုက်တဲ့ high-energy density battery cell ဟာ (၃၇၃)မိုင် [၆၀၀ ကီလိုမီတာ] အထိ မောင်းနှင်နိုင်ပြီး မိနစ်(၂၀) အားသွင်းတာနဲ့ (၈၀)ရာခိုင်နှုန်းအားပြည့်မှာဖြစ်ကာ မိုင်(၃၀၀) ထိမောင်းနှင် နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အလေးချိန်အနေနဲ့ကလည်း အခြားသော ပြိုင်ဘက် ဘတ္ထရီမော်ဒယ်တွေထက် (၁၀)ရာခိုင်နှုန်း ပိုမိုပေါ့ပါးမှာဖြစ်ပါတယ်။

Samsung အနေနဲ့ ဒီ ထုတ်ကုန်ကို (၂၀၂၁) မှာ ထုတ်လုပ်နိုင်ဖို့ စီစဉ်လျက်ရှိတယ်လို့ သိရပါတယ်။

Ref:DMscience

Comments

comments

Top