Sony က Glacier White အရောင်နဲ့ PS4 အသစ်ကို မိတ်ဆက်

Sony က Glacier White အရောင်နဲ့ PS4 အသစ်ကို မိတ်ဆက်

ကမ္ဘာကျော် စမတ်ဖုန်း ကုမ္ပဏီတွေက စမတ်ဖုန်းအရောင်အသစ်တွေ အပြိုင်အဆိုင်ထုတ်လုပ်နေသလိုပါပဲ အခုဆိုနီကလည်း စမတ်ဖုန်းမှာတင်မက Play Station 4 ဂိမ်းစက်ကိုလည်း အရောင်အသစ်အဖြစ် Glacier White versioin ကို ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

Glacier White PlayStation 4

အခုလိုမိတ်ဆက်လိုက်တဲ့ PS4 Glacier White ကို အခုလ ဇန်နဝါရီ (၂၄) ရက်နေ့မှာ ဥရောပမှာ စတင်ရောင်းချ မှာဖြစ်ပြီး ဂိမ်းစက်တင်မက Dualshock 4 controller ကလည်း Glacier White အရောင်နဲ့ တွဲဖက်ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။

Image result for glacier white ps4 controller

Sony အနေနဲ့ ဇန်နဝါရီ (၂၄) ရက်နေ့မှာ PS4 Glacier White ကို Launch လုပ်ဖို့အတွက် မိတ်ဆက် Video လေးကို ဖန်တီးထားပြီး အခုလ မကုန်ခင်မှာ ဥရောပမှာတင်မက အခြားသော နိုင်ငံအချို့မှာပါ ရောင်းချ သွားမှာဖြစ်တယ်လို့သိရပါတယ်။

Ref: Geeky-Gadgets

Comments

comments

Top