အခုမှ ဘောပင်ထိပ်ဖူး ထုတ်နိုင်တဲ့ တရုတ်

စမတ်ဖုန်း အကောင်းစားတွေ၊ လေယာဉ်ပျံတွေ၊ အာကာသယာဉ်တွေ ဒါတွေ အားလုံးကို တရုတ်က အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီးပါပြီ။ ဒါပေမယ့် သူအခုမှ တီထွင်နိုင်တာက ဘောပင်ထိပ်ဖူးဆိုရင် စာဖတ်သူ အံ့သြသွားမယ်ထင်ပါတယ်။

တရုတ်ဟာ ကမ္ဘာမှာ ဘောပင်အများဆုံး ထုတ်လုပ်သူ ဖြစ်နေပေမယ့်လည်း ဘောပင်ထိပ်ဖူးကို မတီထွင်နိုင်သေးလို့ နိုင်ငံခြားကနေ တင်သွင်းနေရတာပါ။ တရုတ်ရဲ့ အကြီးမားဆုံး စတီးထုတ်လုပ်သူ Taiyuan Iron က ၅ နှစ်ကြာကြိုးစားအပြီးမှာ ဘောပင်ထိပ်ဖူးကို တီထွင်နိုင်ပြီလို့ ပြောပါတယ်။ ဘောပင်ထိပ်ဖူးအတွက် အလွန် အရည်အသွေးမြင့်မားတဲ့ စတီးလိုအပ်ပြီး အလွန် တိကျစွာ တပ်ဆင်ရတယ်လို့ ကုမ္ပဏီက ဆင်ဟွာ သတင်းဌာနကို ပြောပါတယ်။

တရုတ်ဟာ ဂျပန်နဲ့ ဆွစ်ဇာလန်တို့ကနေ ဘောပင်ထိပ်ဖူးများ တင်သွင်းနေတာ နှစ်များစွာ ကြာပါပြီ။ တရုတ်ရဲ့ အကြီးမားဆုံး ဘောပင်ထုတ်လုပ်သူ Beifa Group က Taiyuan ကနေ ဘောပင်ထိပ်ဖူးများ မှာယူပြီးပြီဖြစ်ပြီး လာမယ့် ၂ နှစ်အတွင်းမှာ ပြည်ပနိုင်ငံများကနေ မှာယူတင်သွင်းမှုကို အပြီးသတ်နိုင်မယ်လို့ ပြောပါတယ်။ အခုမှသာ တရုတ်ရဲ့ ဘောပင်များဟာ 100% Made in China လို့ ပြောနိုင်တာဖြစ်ပါတယ်။

ref : mashable

Comments

comments

Top