ကမ္ဘာ့ပထမဦးဆုံး QHD+ display နဲ့ထွက်ရှိလာမယ့် LG G6

ကမ္ဘာ့ပထမဦးဆုံး QHD+ display နဲ့ထွက်ရှိလာမယ့် LG G6

LG ကတော့ ၄င်းရဲ့ flagship ဖုန်းအသစ် LG G6 မှာ 18:9 aspect ratio နဲ့ QHD+ display ပါဝင်လာမှာဖြစ်တယ်လို့ အတည်ပြုပြောကြားလိုက်ပါပြီ။

ပြောကြားချက်အရ LG G6 ဟာ လာမယ့် ဖေဖော်ဝါရီ လကုန်ပိုင်းမှာ ကျင်းပမယ့် MWC 2017 ပွဲမှာ ပွဲထုတ်ဖွယ်ရှိနေပြီး LG အနေနဲ့ G4 နဲ့ G5 တို့ မထွက်ခင်တုန်းကလည်း အခုလိုမျိုး ကြေညာချက်ထုတ်ပြန် ခဲ့ဖူးပါတယ်။

LG G6 မှာပါဝင်လာမယ့် display အသစ်ရဲ့ မျက်နှာပြင်အရွယ်အစားက (၅.၇)လက်မ ရှိပြီး 1440 x 2880 resolution ထောက်ပံ့မှာဖြစ်တဲ့အပြင် LG ရဲ့ in-TOUCH technology နည်းပညာကို ထည့်သွင်းအသုံးပြုထားပါတယ်။ 564 pixels-per-inch ရုပ်ထွက်နဲ့ အတူ dual-screen နဲ့ multi-tasking functions တွေကိုပါ လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

LG အနေနဲ့ ပြီးခဲ့တဲ့ နှစ်က LG G5 ကို ထုတ်လုပ်ခဲ့ပြီး 1440 x 2560 pixels ထောက်ပံ့တဲ့ QHD LCD display ကို အသုံးပြုခဲ့ရာကနေ အခု အသစ်ထုတ်လုပ်မယ့် G6 မှာတော့ အဆင့်မြှင့်တင်တဲ့အနေနှဲ့QHD+ display ကို အသုံးပြုဖို့ စီစဉ်နေတာဖြစ်ပြီး အခုလို အသုံးပြုခဲ့ရင်တော့ QHD+ display ကိုအသုံးပြုတဲ့ ပထမဦးဆုံး စမတ်ဖုန်းလည်းဖြစ်လာမှာ ဖြစ်ပါတယ်။

Ref: AndroidAuthority

Comments

comments

Top