Samsung ရဲ့ မြေ တောင်ကိုရီးယားမှာ ပထမဆုံး Store ဖွင့်တော့မယ့် Apple

ကမ္ဘာကျော် အမေရိကန်အခြေစိုက် နည်းပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Apple ကတော့ ၄င်းရဲ့ ထိပ်တန်းပြိုင်ဘက်ဖြစ်တဲ့ Samsung ရဲ့ အခြေစိုက်နိုင်ငံ တောင်ကိုရီးယားမှာ ကိုယ်ပိုင် Branded Store တစ်ခု ဖွင့်လှစ်တော့မှာဖြစ်တယ်လို့သိရပါတယ်။

Apple အနေနဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ပထမဦးဆုံး Apple retail store ကို စတင်ဖွင့်လှစ်မှာ ဖြစ်ပြီး အဲ့ဒီအတွက် ဝန်ထမ်းတွေစတင် ခေါ်ယူနေပြီဖြစ်တယ်လို့ ကုမ္ပဏီရဲ့ အတည်ပြုချက်တွေ အရသိရပါတယ်။

FILE PHOTO: An Apple logo hangs above the entrance to the Apple store on 5th Avenue in the Manhattan borough of New York City, July 21, 2015. REUTERS/Mike Segar/File Photo

တောင်ကိုရီးယားနိုင်ငံဟာ Samsung ရဲ့ အခြေစိုက်နိုင်ငံဖြစ်တဲ့အလျောက် Samsung ထုတ်ကုန်တွေကို လူသုံးအများဆုံးဖြစ်တဲ့အတွက် Apple အနေနဲ့ Samsung ရဲ့ နိုင်ငံတကာဈေးကွက်တင်မကဘဲ ပြည်တွင်း (တောင်ကိုးရီးယား) ဈေးကွက်ကိုပါ လုယူတော့မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Apple အနေနဲ့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ Store အသစ်ဖွင့်လှစ်မယ်လို့သာ အတည်ပြုပြောကြားထားပေမယ့် ဖွင့်မယ့် တည်နေရာနဲ့ နေ့ရက်ကို ထုတ်ပြန်ပြောဆိုခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Ref:geeky-gadgets

Comments

comments

Top