Video တွေရဲ့ အလယ်မှာ ads တွေထည့်သွင်းဖို့ Facebook စီစဉ်

Youtube ပေါ်က Video တွေကိုကြည့်တဲ့အခါ ကြည့်ချင်တဲ့ video မလာခင်မှာ ထိုးတတ်တဲ့ ကြော်ငြာ ads တွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ဖူးကြမှာပါ။ ဒီ ads တွေက အဆုံးထိကြည့်စရာမလိုပဲ စက္ကန့် အနည်းငယ် အတွင်းမှာ skip လုပ်ပစ်လို့ရနိုင်တဲ့အတွက် တော်သေးတယ်လို့ပြောနိုင်ပါတယ်။

အခု Facebook ရဲ့ လုပ်ကွက်အသစ်ကတော့ သင့်ကို အကြီးအကျယ်စိတ်အနှောင့်အယှက်ဖြစ်စေတော့မှာ ဖြစ်ပါတယ်။ အကြောင်းကတော့ Facebook အနေနဲ့ video တွေရဲ့ အလယ်မှာ Ads တွေထည့်သွင်း ဖို့ စီစဉ်ေ်နပြီဖြစ်တဲ့အတွက် သိပ်မကြာခင်မှာ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

video ရဲ့ စစချင်း (၂၀) စက္ကန့်အပြီးမှာ mid-roll ads တွေကိုတွေ့မြင်ရမှာဖြစ်ပြီး ads တွေရဲ့ကြာချိန်ဟာ စက္ကန့်(၉၀) ထက်ပိုမကြာဘူး ဆိုတဲ့အချက်ကတော့ ကျေးဇူးတင်စရာ ကောင်းနေပါတယ်။

Facebook ရဲ့ စစ်တမ်းကောက်ယူထားမှုအရ Facebook ပေါ်က video တွေကို တစ်နေ့မှာပျှမ်းမျှအားဖြင့် စုစုပေါင်း နာရီပေါင်းသန်း(၁၀၀)စာ ကြည့်ရှုကြတဲ့အတွက် အခုလို ads တွေထည့်သွင်းခြင်းဟာ အထိရောက်ဆုံး digital marketing တစ်မျိုးလည်းဖြစ်လို့နေပါတယ်။

Ref: GSMArena

 

Comments

comments

Top