Nokia က Viki လို့အမည်ပေးထားတဲ့ digital AI အသစ်ကို ဖန်တီးနေ

Nokia အနေနဲ့ စမတ်ဖုန်းလောက ထဲကို တစ်ဖန်ပြန်လည်ဝင်ရောက် လာလာချင်းမှာပဲ Viki လို့အမည်ပေးထားတဲ့ ကိုယ်ပိုင် mobile digital AI အသစ်တစ်ခုကို ဖန်တီးပြုလုပ်နေပြီဖြစ်ပါတယ်။

Viki ဟာ Apple ရဲ့ Siri ၊ Microsoft ရဲ့ Cortana ၊ Amazon ရဲ့ Alexa နဲ့ မကြာခင်ကမှထွက်ရှိထားတဲ့ Google Assistant တို့လိုမျိုး ကိုယ်ရေးလက်ထောက်တစ်ယောက်လို အသုံးဝင်စေမယ့် digital ဗဟုသုတတွေနဲ့ data sources တွေအားလုံးပေါင်းစပ်ထားတဲ့ AI တစ်ခုဖြစ်ပါတယ်။

Nokia ရဲ့ အသစ် ထပ်မံထုတ်လုပ်မယ့် Android စမတ်ဖုန်းတွေနဲ့ Tablet တွေမှာ Viki ပါဝင်လာဖို့ဆိုတာ စိတ်လှုပ်ရှားစရာ တစ်ခုဖြစ်ပေမယ့် Nokia အနေနဲ့ ၄င်းရဲ့ ပထမဦးဆုံး Android စမတ်ဖုန်းဖြစ်တဲ့ Nokia 6 ကို launch လုပ်လိုက်ပြီဖြစ်တဲ့အတွက် Nokia 6 မှာ Viki ပါဝင်လာဖို့ကတော့ software update ပြုလုပ်ပေးတဲ့ အခါမှသာ ပါဝင်လာနိုင်ချေရှိပါတယ်။

Nokia 6

Ref: GSMArena

 

Comments

comments

Top