အူရီဒူး 4G ကွန်ရက်ကိုမကွေးမြို့မှာ စတင်အသုံးပြုနိုင်ပြီ

မြန်မာနိုင်ငံမှာ 4G ကွန်ရက်ဝန်ဆောင်မှုကို ပထမဆုံးပေးအပ်ခဲ့တဲ့ အူရီဒူးမြန်မာမှအမြန်ဆန်ဆုံးနဲ့ လိုင်းအတည်ငြိမ်ဆုံးသော 4G ကွန်ရက်ကို မကွေးမြို့တွင်စတင်ဝန်ဆောင်မှုပေးခြင်းနဲ့ 4G ကွန်ရက်မိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ(၉)ရက်နေ့က မကွေးမြို့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို သိရပါတယ်။
.
အူရီဒူး 4G ကွန်ရက်ကို မကွေးမြို့တွင်မိတ်ဆက်ခဲ့တဲ့ပွဲမှာ အမှတ်တရ အနေနဲ့ အူရီဒူးအမှတ်တံဆိပ် လက်ဆောင်ပစ္စည်းများဖြစ် တဲ့ ဖုန်းအိတ်၊ တီရှပ်၊ ထီး၊ ကျောပိုးအိတ်တွေကို အော်ရီဒူးရဲ့ အထူးဈေးရောင်းပွဲမှာ လာရောက်အားပေးခဲ့သူတွေကို လက်ဆောင်ပေးအပ်သွားခဲ့ပါတယ်။ မကွေးမြို့ရှိ ကျောင်းသူကျောင်းသားများနဲ့ ဆရာ/ဆရာမမှားအနေနဲ့ ကျောင်းသားကတ် (သို့မဟုတ်) ဝန်ထမ်းကတ်ပြပြီး အူရီဒူးဆင်းကတ်နဲ့ ငွေဖြည့်ကတ်များ ဝယ်ယူပါက အထူးအခွင့်အရေးများရရှိမှာဖြစ်ပါတယ်။

Ref : Ooredoo

Comments

comments

Top