Galaxy S8 ပုံရိပ်များ ပေါ်ထွက်လာခဲ့ - DigitalTimes.com.mm

Galaxy S8 ပုံရိပ်များ ပေါ်ထွက်လာခဲ့

တရုတ် လူမှုကွန်ယက်တစ်ခု ဖြစ်တဲ့ Weibo ကနေ တဆင့် အသစ် ထွက်ရှိလာမယ့် Samsung Galaxy S8 ရဲ့ ပုံရိပ်တွေ ပေါက်ကြားခဲ့တယ် လို့ သိရပါတယ်။
.
ပုံရိပ်တွေအရ ရွှေရောင် Samsung Galaxy S8 ဟာ ၅.၇ လက်မ နဲ့ ၆.၂ လက်မ နှစ်မျိုး ထွက်လာဖွယ်ရာ ရှိနေပြီး Home Button လည်း မပါဝင်တော့ကြောင်း သိရပါတယ်။ Finger Print ဆင်ဆာကို Corning Gorilla Glass 5 Panel အတွင်း မှန်သားပြင်ထဲမှာ မြုပ်နှံထားဖို့များနေပြီး မူလ က တင်ကြိုခန့်မှန်းသတင်းထွက်ခဲ့သလို S7 Edge ရဲ့ ကောင်းသတင်းကိုပဲ ဆက်လက် အမွေခံနိုင်ဖွယ်ရာ ရှိနေပါတယ်။
.
ပိုပြီး ပါးလျသွယ်လျသွားတဲ့ S8 ကို GSM Arena မှာကတော့ 12 Megapixel , OS android 7.0 တွေနဲ့ လာရောက်ဖို့ များနေတယ် လို့ ရေးသားထားခဲ့ပါတယ်။ Dailymail သတင်းစာကတော့ အခု လာမယ့် S8 ဟာ nano Snapdragon 830 တွေကို သုံးစွဲသွားဖို့ ရှိနေပြီး အရမ်းမြန်တဲ့ Device တစ်ခု ဖြစ်လာမယ် လို့ ဆိုပါတယ်။ ကွေးညွတ်ထားတဲ့ ဒီဇိုင်း ၊ အလန်းစား မျက်နှာပြင်တွေ နဲ့ အတူတူ မျက်နှာပြင် နဲ့ Home Button နားမှာ ရှိတဲ့ button မှန်သမျှကို ဖျောက်ပြီး အထဲကို ထည့်သွင်းထားမယ် လို့ ထွက်ပေါ်လာခဲ့တဲ့ ပုံရိပ်တွေအရ ခန့်မှန်း သိရှိရပါတယ်။

Ref : forbes , GSMarena,DailyMail

Comments

comments

Top