လုံခြုံစွာ အင်တာနက် သုံးတတ်စေရန် တယ်လီနောက ပညာပေးမှုများ ပြုလုပ်

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) အနေနှင့် အင်တာနက်သုံးစွဲသူ များ အင်တာနက်ကိုလုံခြုံစိတ်ချရစွာ အသုံးပြုနိုင်စေဖို့ နဲ့ အွန်လိုင်းကနေတဆင့် ရရှိနိုင်တဲ့ အခွင့်အလမ်းတွေကို ပြည့်ပြည့်၀၀အသုံးချနိုင်စေဖို့အတွက် ရည်ရွယ်ပြီး လူဦးရေ အနည်းဆုံး ၅၀,၀၀၀ ကို ၂၀၁၇ ခုနှစ်မှာ ပညာပေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ် လို့ သိရပါတယ်။
.
“အင်တာနက်က နေ့စဉ် လူမှုနေထိုင်မှု ဘ၀တွေကို ပြောင်းလဲ စေခဲ့ပါတယ်။ တစ်ခြားနိုင်ငံတွေမှာတော့ ဒီလိုအပြောင်း အလဲကို ဆယ်စုနှစ်များစွာ ကတည်းက တွေ့ကြုံပြီး ဖြစ်ပေမယ့် မြန်မာလူဦးရေရဲ့ အများစုကတော့ အင်တာနက် အသုံးပြုခြင်း က ရလာမယ့် အကျိုးအပြစ်တွေကို သိရှိနိုင်ဖို့ အသစ်အဆန်းဖြစ်နေပါသေးတယ်။  အင်တာနက်က ရရှိနိုင် မယ့် လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ အခွင့်အမ်းတွေကို အသုံးပြုသူတွေကြားမှာ ပိုမို သိရှိလာစေဖို့ ၊ အထူးသဖြင့်တော့ အင်တာနက် အသုံးပြုတာကနေ အန္တရယ်ရနိုင်ချေများတဲ့ အသက်အရွယ်အုပ်စုတွေကို ပညာပေးဖို့ တယ်လီနောက ဆောင် ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်ခြင်းကလည်း အားလုံးအတွက် အင်တာနက်ကို ၀န်ဆောင်မှုပေးတဲ့အခါမှာ သုံးစွဲသူတွေအနေနဲ့ လုံခြုံစိတ်ချစွာနဲ့အကျိုးကျိုးရှိရှိ အသုံးချနိုင်လိ့မ်မယ်လို့ တယ်လီနောက ယုံကြည်တာ ကြောင့်ဖြစ်ပါတယ်” လို့ တယ်လီနောရဲ့ Head of Business Sustainability ဖြစ်သူ ကိုမင်းသူကနေ ပြောကြားခဲ့ပါတယ်။
.
၂၀၁၆ ခုနှစ်မှာ တယ်လီနော အနေနဲ့ စာသင်ခန်းတွေနဲ့ လူမှုပတ်ဝန်းကျင်ကနေ ကလေးသူငယ်များ၊ လူငယ်များနှင့် မိဘများ စုစုပေါင်း လူဦးရေ ၂၄,၀၀၀  ကို စွန့်ဦးတီထွင်သူများ၊ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ရှိတဲ့ စာသင်ကျောင်းတွေ စတဲ့ မတူညီတဲ့ လမ်းကြောင်းတွေကနေ တဆင့် ဘေးကင်း၊လုံခြုံတဲ့ အင်တာနက် အသုံးပြုမှုနဲ့ ပတ်သက်ပြီး အသိပညာပေးမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။
အဲဒီအပြင် တယ်လီနောအနေနဲ့ ဘေးကင်းတဲ့ အင်တာနက် အသုံးပြုမှု နဲ့  ပတ်သက်တဲ့ လမ်းညွှန်စာအုပ် ၁,၅၀၀ ကျော်ကိုလည်း ဖြန့်ဖြူးပေးခဲ့ပါတယ်။
.
ကိုမင်းသူမှ ထပ်မံ၍ “ကျွန်တော်တို့ အမြဲတမ်း ပြောကြားခဲ့သလိုပဲ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍဟာ  လျှင်လျှင်မြန် မြန် တိုးတက်ပြောင်းလဲနေပြီးတော့ လူဦးရေ အများစုဟာလည်း ဒီလို အံ့အားသင့်ဖွယ်ကောင်းအောင် တိုးတက်နေတဲ့ မိုဘိုင်းကွန်ရက်နဲ့ အင်တာနက်ကို အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။ မိုဘိုင်းဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်တာနဲ့အညီ ကျွန်တော်တို့ အနေနဲ့  သုံးစွဲသူတွေ  အင်တာနက်ကို တာဝန်သိစိတ်အပြည့်နဲ့ အင်တာနက်ကို သုံးစွဲနိုင်သူတွေဖြစ်လာ အောင်၊ အင်တာနက်ကို အသုံးပြုပြီး သူတို့ရောက်ရှိလိုတဲ့ ရည်ရွယ်ချက်တွေ ရရှိအောင်  ပြောင်းလဲပေးတဲ့ နေရာမှာ  တယ်လီနောမြန်မာအနေနဲ့ အရေးပါတဲ့အခန်းကဏ္ဍကပါဝင်နေပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေ၊ အထူးသဖြင့် ကလေးငယ်တွေအနေနဲ့ အင်တာနက် အသုံးပြုမှုနဲ့ ပက်သက်ပြီး နားလည်သဘောပေါက်မှုရှိဖို့က အလွန်အရေးကြီးတယ် ဆိုတာကိုလည်း ကျွန်တော်တို့ရဲ့ စစ်တမ်းက ဖော်ပြနေပါတယ်။၂၀၁၇ ခုနှစ်မှာ ကျွန်တော်တို့ အနေနဲ့ ပိုမို များပြားတဲ့ လူတွေဆီကိုလည်း ဒီအကြောင်းနဲ့ပတ်သက်ပြီး ပြောနိုင်ဖို့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အရေးတွေကိုလည်း ရှာဖွေသွားဖို့ရှိပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။

 

Ref : Telenor

Comments

comments

Top