ခရက်ဒစ်ကဒ် အရွယ် Intel ရဲ့ ကွန်ပျူတာ

Intel က CES 2017 မှာ ခရက်ဒစ်ကဒ် အရွယ် ကွန်ပျူတာကို ပြသလိုက်ပါတယ်။ Compute Card လို့ အမည်ပေးထားပြီး System-on-Chip , Memory , Storage နဲ့ Input/Output Options များ ပါပါတယ်။ ၀ိုင်ဖိုင် ချိတ်ဆက်နိုင်ပါတယ်။ Intel က ယခင်က Compute Stick အမည်ရ ပီစီလေးကိုလည်း ထုတ်လုပ်ခဲ့ဖူးပါတယ်။ Compute Card ဟာ Compte Stick ထက် အရွယ် သေးငယ်ပြီး Intel ရဲ့ သတ္တမမျိုးဆက် Kaby Lake CPU ထည့်သွင်းထားပါတယ်။

စမတ်နေအိမ် ကိရိယာများနဲ့ တွဲဖက် အသုံးပြုဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ၀ိုင်ဖိုင် အပြင် Bluetooth ဆက်သွယ်မှုလည်း ပါရှိပါတယ်။ Intel က USB-C Plus Extension ကိုလည်း တပ်ဆင်ပေးထားပြီး အခြား ကိရိယာများနဲ့ ချိတ်ဆက်နိုင်ပါတယ်။

စမတ်နေအိမ် ကိရိယာများအတွက် ဖန်တီးထားပေမယ့် မော်နီတာများနဲ့ ချိတ်ဆက်ပြီး ပီစီလို အသုံးပြုနိုင်ပါတယ်။ Intel က Compute Card ကို ယခုနှစ်လယ်လောက်မှာ ရောင်းချမယ်လို့ ပြောပါတယ်။

ref : zdnet

Comments

comments

Top